စာလွှာ-(၅)

8 1 0
                                    

မင်းက ငါ့ရဲ့အချစ်ဦးမဟုတ်ခဲ့ပေမယ့် အမြတ်နိုးရဆုံးသော သူပါ...
ဆယ်ကျော်သက်အရွယ်တစ်ခုလုံးစာ
မင်းကိုပဲ ပုံအပ်ပြီးမြတ်နိုးနေမိခဲ့တာ...
အခုချိန်ထိပေါ့ နောင်လည်း ဒီထက်ပိုပြီး မလျှော့တဲ့ ငါ့ မြတ်နိုးမှုတွေက မင်းအပေါ်
သက်ရောက်နေဦးမှာ
ချစ်တယ် အင်း....ချစ်တာထက် ပိုမြတ်နိုးပြီးသဘောကျတာ.....။

ငါ့နှလုံးသားလေးက ထပ်ခါထပ်ခါ ရေရွတ်နေတယ်
မင်းကို အရမ်း မြတ်နိုးပါသည်တဲ့....
တစ်ခါမှလည်း မင်းကိုပိုင်ဆိုင်ဖို့
မတွေးခဲ့သူမို့ မင်းအနားမှာ ဖြစ်တည်ချင်တာထက် ဒီအတိုင်း အေးချမ်းစွာနဲ့ အဝေးမှာနေပြီး မင်းရဲ့အပြုံးလှလှလေးတွေကို
အခုလိုမျိုးပဲ ငေးကြည့်နေဦးမှာ
အညိုဓာတ်လေးရေ.....။

အညိုရောင်ကောင်လေးထံ တမ်းချင်းစာလွှာလေးများWhere stories live. Discover now