Episode (6)
ဘယ်အချိန်ကဘယ်လို Soo သူ့လက်ထဲကရုန်းထွက်ပြီး အခန်းထဲပြန်ရောက်သွားလဲတောင် သူမသိလိုက်။ သူ့ကိုယ်သူပြန်သတိထားမိတော့ Sofa ခုံပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ လျော့ရိလျော့ရဲထိုင်နေမိတာ။ သူ သက်ပြင်းရှည်ကြီးချလိုက်ပြီး Soo အခန်းဘက်ကို လှမ်းကြည့်လိုက်မိတယ်။ Soo နဲ့ပတ်သက်လာရင် အမြဲတမ်း အမုန်းတရား၊ အညှိုးအတေးတွေနဲ့ပဲ သူ့စိတ်ကပူလောင်နေတတ်ခဲ့တာမို့ ဒီအတောအတွင်း Soo ကို လုံးဝလစ်လျူရှုထားခဲ့မိတာ။ သူ့စိတ်ထဲ Soo ကိုမြင်လိုက်ရရင်ကို အရင်ကဒဏ်ရာဟောင်းတွေ အသစ်ပြန်ဖြစ်လာတယ်လို့တွေးပြီး တစ်ချိန်လုံး Soo ကိုပဲ အပြစ်တင်ရန်ရှာနေခဲ့မိတာလေ။
သေချာပြန်စဉ်းစားကြည့်တော့လည်း Soo ကို မုန်းပါတယ် မုန်းပါတယ်လို့ပြောနေတဲ့ သူကကော ...... ကိုယ့်ကိုကိုယ် ယောကျာ်းတစ်ယောက်ရဲ့ တာဝန်ကျေပါတယ်ဆိုပြီး တထစ်ချယုံကြည်သတ်မှတ်ထားခဲ့ပေမယ့် ... တကယ်တမ်းကျတော့ ယောကျာ်းတစ်ယောက်ဖြစ်ရက်နဲ့ ကိုယ်ယူထားတဲ့မိန်းမကို နည်းအမျိုးမျိုးနဲ့ စိတ်မဆင်းရဲဆင်းရဲအောင် နှိပ်စက်နေခဲ့မိတာကလွဲရင် ..
ဒါပေမယ့် Soo .. ဒီမိန်းမကြောင့် သူ့ဆန္ဒမပါဘဲ အိမ်ထောင်တစ်ခု ထူထောင်လိုက်ရတဲ့အပြင် Miyeon နဲ့ သူ့ရဲ့ အချစ်ရေးလည်းပြိုကွဲခဲ့ရတယ်။
Soo... အရင်ကတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းပေါ့။ အယုံကြည်ရဆုံးနဲ့ အတွယ်တာရဆုံးလည်းဖြစ်ခဲ့တယ်။ Soo ကို မိန်းကလေးတစ်ယောက်ဆိုတာထက် သူ့ကိုယ်ပွားလေးတစ်ခုလိုကို သံယောဇဉ်ဖြစ်ခဲ့မိတာ။ မထင်မှတ်ဘဲ Soo က သူ့ကိုချစ်နေတယ်ဆိုတာသိလိုက်ရတော့ သူ့စိတ်က လက်မခံနိုင်ခဲ့ဘူးလေ။ ငယ်ငယ်လေးတည်းက လည်ပင်းဖက်ပေါင်းလာပြီး သူငယ်ချင်းကောင်မလေးဆိုတာထက် ညီအစ်ကိုရင်းတစ်ယောက်လို သဘောထားနေခဲ့မိတာဆိုတော့ ...... အဲ့ဒီနောက်ပိုင်း Soo ကို သူ ရှောင်နေခဲ့မိတယ်။ ပြီးတော့ အဲ့တုန်းက သူ့မှာ Miyeon လည်း ရှိနေနှင့်ပြီလေ။
YOU ARE READING
Love Strategy {Kaisoo vers}
FanfictionKim Jongin and Do Soo had to get married for a certain reason. Kim Jongin hated so much this arranged marriage and Do Soo who has always been considered as a parasitic pest for his life. Soo was completely neglected and even treated as a dirty trash...