Truth

10.9K 679 14
                                    

Episode (7)

Jongin တစ်ယောက် ဈေးအကြီးဆုံးဆိုတဲ့ Bollinger တစ်ခွက်မှာပြီး စိမ်ပြေနပြေထိုင်သောက်နေမိတာ အချိန်ဘယ်လောက်ကြာသွားလဲမသိ .. သူ့ပခုံးပေါ်လာတင်တဲ့ လက်တစ်ဖက်ကြောင့် သောက်လက်စ Champagne ခွက်လေး အသာချပြီး လှည့်ကြည့်မိတော့

"ဟာ.... Sehun ..."

သူ ဝမ်းသားအားရအော်ရင်း သူရှေ့က ဖြူဖြူသွယ်သွယ် ကောင်လေးကို လှမ်းဖက်လိုက်တယ်။ ကျောင်းပြီးကတည်းက မတွေ့ရတော့တဲ့ သူ့အခင်ဆုံးသူငယ်ချင်း ... သူရဲ့ ကဲဖော်ကဲဖက်။ America ကိုထွက်သွားတာ လွန်ခဲ့တဲ့ 3နှစ်လောက်တည်းက .. အဲ့ကတည်းက အဆက်အသွယ်ပြတ်သွားကြတာ ခုထိပဲဆိုပါတော့။

Sehun တစ်ယောက် ပြုံးစစလုပ်နေရာကနေ သူ့လက်မောင်းကို မထိတထိလှမ်းထိုးရင်း

"အိမ်ထောင်ရှင်ကြီးဖြစ်နေပြီဆို"

Sehun စကားကြောင့် Jongin မျက်နှာပေါ်က အပြုံးတွေပျောက်ကွယ်သွားတယ်။ အလိုက်သိတဲ့ Sehun ကတော့ သူ့သူငယ်ချင်းမျက်နှာကို စာအုပ်တစ်အုပ်ဖတ်သလိုဖတ်ပြီး ဘာတွေဖြစ်နေလဲဆိုတာ သူ့ဟာသူကောက်ချက်ဆွဲလိုက်ပြီ။

နောက်တော့ Sehun Jongin ပခုံးကို အသာပြန်ဖက်လိုက်ပြီး

"ငါ့အိမ်လိုက်ခဲ့ကွာ .. ငါ့မိန်းမနဲ့ မိတ်ဆက်ပေးမယ်"

Sehun စကားကြောင့် Kai တစ်ယောက် Champagne သောက်မလို့ လက်လှမ်းနေတာတောင် ပျက်သွားပြီး ပြုံးစိစိလုပ်နေတဲ့ Sehun မျက်နှာကို တအံ့တသြလှမ်းကြည့်လိုက်တယ်။ Hun တစ်ယောက် စပ်ဖြဲဖြဲသာလုပ်နေတာ ရုပ်ကတော့ တကယ့်အတည်ပေါက်ကြီး။

သူ အံ့သြတာလည်းမပြောနဲ့ .. ကျောင်းတုန်းက ရည်စားတွေထည်လည်တွဲပြီး တစ်ပတ်တောင်မပြည့်သေးဘူး .. ဖြတ်ဖြတ်ထားခဲ့တဲ့ ဟော်ဟော်ကျိုး Playboy က ............... အတည်တွဲပါလားဆိုတော့ ဝါသနာမပါဘူးတဲ့။ ဖြေပုံကိုက .. ခုကျတော့ မိန်းမ ဆိုပါလား။

Love Strategy {Kaisoo vers}Donde viven las historias. Descúbrelo ahora