Episode (4)
ခေါင်းမာလွန်းတဲ့ မိန်းမ၊ အမှတ်သည်းခြေမရှိတဲ့ မိန်းမလို့ပဲဆိုချင်ဆိုကြပါစေတော့။ အဲ့ဒီလို သမုတ်ခံ၊အပြောခံရလောက်အောင်လည်း Jongin နဲ့ပတ်သက်လာရင် Soo ဆိုတဲ့မိန်းမက တရားလွန်တရားမင်း ပျော့ညံ့နေခဲ့တယ်လေ။ ရွံစရာကောင်းတဲ့မိန်းမလို့ သူသမုတ်တာကိုလည်း Soo သည်းခံခဲ့တယ်၊ Soo ရဲ့နှလုံးသားအပြင် အခု Soo ဘဝကိုပါ သူ့ကို ကြည်ကြည်ဖြူဖြူနဲ့ ပေးအပ်ခဲ့ပြီးတာတောင် အေးစက်မာကြောမြဲဖြစ်နေတဲ့ သူ့အမူအကျင့်တွေနဲ့ သူ့နှလုံးသား .. ဒါတွေကိုလည်း Soo သည်းခံခဲ့ပါတယ်။ Soo ကိုယ်တိုင်လည်း တစ်ခါတစ်ခါတော့ အတော်လေးအံ့သြမိပါတယ်။ မာနကြီးပြီး ကိုယ့်ရည်မှန်းချက်ကလွဲရင် ဘယ်အရာကိုမှ စိတ်ထဲမထည့်ခဲ့တဲ့ အေးစက်စက်မိန်းမတစ်ယောက်က ခုတော့ ယောက်ျားတစ်ယောက်ကြောင့် ဘာလို့ဒီလောက်အထိကျဆုံးနေခဲ့ရသလဲဆိုတာ။ ပြီးတော့ အဲ့ဒီယောကျာ်းကလည်း တစ်သက်လုံး Soo ကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူးဆိုပြီး ကြွေးကြော်ထားခဲ့တဲ့သူ။
ဘဝမှာတစ်ခါလောက် တစ်ကိုယ်ကောင်းဆန်ဖို့ကြိုးစားခဲ့မိတာ ဒီလောက်အထိ ရင်နာရမယ်၊ ကြေကွဲရမယ်ဆိုတာသာကြိုသိခဲ့ရင် Soo သူနဲ့လက်ထပ်ခဲ့မှာမဟုတ် ... အာ ... ဟင့်အင်း .. ကြိုသိခဲ့ရင်တောင် Soo ဒီဆုံးဖြတ်ချက်ကိုပဲချခဲ့မိမှာသေချာပါတယ်။ နောင်တ .. ဟင့်အင်း .. သူနဲ့ လက်ထပ်လိုက်ရလို့ Soo နောင်တမရပါဘူး၊ သူနဲ့လက်ထပ်ဖို့ လက်မခံလိုက်ခဲ့မိရင်သာ Soo အခုချိန် နောင်တရနေရမှာ။ Soo သူ့ကို ပိုင်ဆိုင်ရလို့ ကျေနပ်တယ်၊ ပျော်တယ်။ ဘယ်နှကြိမ်ဘယ်နှခါမေးမေး Soo အဖြေကအမြဲတမ်းအတွက် တစ်ခုတည်းပဲဖြစ်နေမှာ သေချာပါတယ်။
*Soo သူ့ကို ပိုင်ဆိုင်ထားရလို့ အရမ်းပျော်တယ်* ဆိုတာပါ။
•••••••••••••••••••••••••••••••••••••••••••••
တစ်ပတ်စာအတွက် လိုအပ်မယ်ထင်တာလေးတွေ .. အဓိကကတော့ သူကြိုက်တတ်တဲ့ကြက်သားပေါ့ .. Soo ဝယ်စရာရှိတာတွေဝယ်ပြီး ဈေးကပြန်လာတော့ နေရောင်တောင်ပျောက်လုနီးပါးဖြစ်နေပြီ။ အိမ်မှာက ချက်တာပြုတ်တာကော လျှော်တာဖွပ်တာပါ Soo တစ်ယောက်တည်းပဲ အကုန်လုပ်တာပါ။ Jongin ခေါ်လာတဲ့ Ajima တော့ရှိပေမယ့် သန့်ရှင်းရေးကလွဲရင် ကျန်တာဘာမှမလုပ်ခိုင်းဖြစ်ဘူး။ သူ့ကိစ္စတွေအားလုံးကို Soo လက် Soo ခြေ၊ Soo ပဲ အားလုံးကို စီမံခန့်ခွဲပြီးလုပ်ချင်တာ။ Soo စေတနာကို သူက အသိအမှတ်ပြုတယ်လို့တော့ မဟုတ်ပေမယ့် သူ့အတွက်လုပ်ပေးရတယ်ဆိုတာနဲ့တင် Soo က ပျော်နေခဲ့တာမဟုတ်လား။ ခုလည်း ဘာမှအကောင်းပြောခံရမှာ မဟုတ်မှန်းသိပေမယ့် မနက်ဖြန် သူရုံးကပြန်လာရင် Soo တတ်သလောက်မှတ်သလောက် ဖွယ်ဖွယ်ရာရာလေး ချက်ကျွေးမယ်စိတ်ကူးပြီး ဝယ်ချင်တာတွေအကုန်ချဝယ်လာခဲ့တာ။ ငွေရှင်းပြီးတော့မှ မှားပီဆိုပြီး ဘုရားတမိတယ်။ တစ်ပတ်စာလား .. တစ်နှစ်စာလား ဟိဟိ ... သူတွေ့ရင်တော့ Soo ကို လက်ဖွာလို့ဆူမလားပဲ။
ESTÁS LEYENDO
Love Strategy {Kaisoo vers}
FanficKim Jongin and Do Soo had to get married for a certain reason. Kim Jongin hated so much this arranged marriage and Do Soo who has always been considered as a parasitic pest for his life. Soo was completely neglected and even treated as a dirty trash...