Please let this moment be forever!

12.2K 690 4
                                    

Episode (2)

Soo အလန့်တကြားနဲ့ သူ့လက်တွေထဲကနေ ရုန်းထွက်လိုက်မိတယ်။ နှုတ်ခမ်းချင်းထိမိရုံ ညင်သာနူးညံ့တဲ့အနမ်းတွေကနေ တဖြည်းဖြည်းအဆင့်တက်နယ်ချဲ့လာတဲ့ Jongin နှုတ်ခမ်းနွေးနွေးက Sooလည်တိုင်ကနေတဆင့် ဝင်းမွတ်ဖြူနုနေတဲ့ လည်တိုင်အစပ်နားဆီ ဆင်းချလာတော့ Soo မလန့်ဘဲနေနိုင်ရိုးလား။ ရုတ်တရက်ကြီးမို့ အသည်းအသန်လန့်သွားမိတာနဲ့ သူ့ဆီက ရုန်းထွက်လိုက်မိတာအပြင် သူ့ရင်ဘတ်ကိုပါ Soo ခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်မိတယ်။

Gosh ...... သူ့မျက်နှာက ခက်ထန်သွားလိုက်တာ...

စားတော့ဝါးတော့မတတ် Soo ကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းရိုင်းကြီးတွေကြောင့် ကြောက်ကြောက်နဲ့ ထိုင်နေရာကနေ နောက်ကို တဖြည်းဖြည်းဆုတ်လိုက်ပြီး ထရပ်ဖို့အပြင် လမ်းတစ်ဝက်မှာပဲ Soo လက်တစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲချခံလိုက်ရတာကြောင့်

"Jong ..Jongin .. Jongin"

Soo မျက်လုံးလေးတွေက ထိတ်လန့်တာကော၊ အံသြတာကောပေါင်းပြီး ပြူကျယ်ဝိုင်းစက်လျှက်။ ခန္ဓာကိုယ်လေးကတော့ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတဲ့ Jongin လက်မောင်းတွေကြားထဲမှာ လူးမရလှုပ်မရနဲ့ Lock အချခံထားရပြီလေ။

ကြောက်မိတာမှန်ပေမယ့် Soo ကို ခတ်ထားမယ့် Lock ဟာ Jongin ရဲ့ နှလုံးသားထဲမှာသာဆိုရင် Soo ဘယ်တော့မှ လွတ်မြောက်အောင် ကြိုးစားမနေချင်တော့။ ဘာလို့ဆို Soo ကိုယ်တိုင်ကိုက ကျေကျေနပ်နပ်ကြီးနဲ့ အဲ့ဒီအချုပ်အနှောင်ထဲမှာပဲ ထာဝရ ပြန်လမ်းမရှိ အပိတ်အလှောင်ခံချင်နေခဲ့မိတာကြောင့် .....

••••••••••••••••••••••••••••••••••••

Jongin တစ်ယောက် သူ့ရင်ခွင်ထဲ ပုံလျက်သားလေး ခွေခနဲလဲကျလာတဲ့ သူမလေးကို ဖမ်းထိန်းထားရင်း လက်နှစ်ဖက်ကလည်း အံသြထိတ်လန့်နေတဲ့ ကောင်မလေး နောက်တစ်ခါထပြီးထွက်ပြေးသွားမှာကို စိုးရိမ်စွာနဲ့ဘဲ မလွှတ်တမ်း ခပ်တင်းတင်းလေးဖက်ထားလိုက်မိတယ်။ သူတော့ ရူးနေပြီထင်ပါရဲ့။ သူ့ကိုယ်ထဲ ဘာများဝင်ပူးနေသလဲမသိ ... ထူးထူးဆန်းဆန်း ဒီနေ့ကျမှ သူ့မျက်လုံးထဲ Do Soo တစ်ယောက် တော်တော်လေးချစ်ဖို့ကောင်းနေသလားလို့ ။

Love Strategy {Kaisoo vers}Tempat cerita menjadi hidup. Temukan sekarang