I wish ...

10.5K 661 14
                                    

Episode (3)

"အားးးး ကျွတ် ... ငါ့ခေါင်း .. အား ... ခေါင်းကိုက်လိုက်တာ"

အိပ်ရာနိုးနိုးချင်း မျက်လုံးတောင်မဖွင့်ရသေးခင် ဆစ်ခနဲထိုးကိုက်လာတဲ့ခေါင်းကြောင့် Jongin တစ်ယောက် အသံထွက်အောင် ညည်းညူလိုက်မိတယ်။ ဒီလိုခေါင်းကိုက်နေပုံမျိုးနဲ့ အိပ်ရာကထလည်း ဘာမှအကျိုးရှိမှာမဟုတ်မှန်းတွေးမိတော့ မျက်လုံးတွေကိုပဲ ဆက်အနားပေးထားပြီး ငြိမ်ငြိမ်လေးပဲဆက်လှဲနေလိုက်တယ်။ ခဏကြာတော့ ပက်လက်လှန်နေရာက ညာဘက်ကိုစောင်းအိပ်ဖို့ကြံပြီး ခန္ဓာကိုယ်ကိုရွှေ့ဖို့ကြံလိုက်ပေမယ့် သူ့ကိုယ်ပေါ် တိတိကျကျပြောရရင် ဘယ်ဘက်လက်မောင်းပေါ်က လေးလံတဲ့တစ်စုံတစ်ခုကြောင့် ဘေးတစောင်းလှည့်နေရာကရပ်ပြီး သူ့ဘယ်ဘက်လက်ကိုလှုပ်ကြည့်လိုက်တယ်။ Aish .. ဘယ်လိုဖြစ်တာပါလိမ့် ... ဘယ်လက်ကြီးတစ်ခုလုံး ထုံကျင်နေလိုက်တာ၊ မနေ့ညက တစ်ညလုံး ဘယ်ဘက်ကိုစောင်းအိပ်ရင်း ဘယ်လက်ကိုချည်း ဖိထားမိလို့များလား။ သူ့ကိုယ်လုံးကိုလှုပ်လေ ကိုက်ခဲနာကျင်တဲ့ လက်မောင်းကလည်း ပိုပြီးကျင်တက်လာလေဖြစ်နေတာကြောင့် စိတ်ပူပြီး ဖိမှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်ပစ်လိုက်ရင်း သူ့ဘယ်ဘက်လက်ကိုကြည့်မိတော့ ......

သူ့မျက်လုံးတောင်သူမယုံနိုင်။ ဒေါသတွေကော အံ့သြထိတ်လန့်တာတွေပါပေါင်းပြီး သူ့သွေးတွေ လှိုက်ခနဲဆူပွက်လာတယ် ။ သူ ... Do Soo .. ဘယ်လိုလုပ် .. ဒီအိပ်ရာပေါ် ...

•••••••••••••••••••••••••••••••••••••••••••••••••••

ရုတ်တရက် Soo မျက်ခွံမို့မို့လေးတွေ တဖျတ်ဖျတ်လှုပ်ခတ်လာပြီး ညိုမှောင်မှောင်မျက်ဝန်းတွေက တဖြည်းဖြည်းချင်းပွင့်ဟလာတယ်။ မျက်စိနှစ်လုံးဖွင့်ဖွင့်ချင်း ပထမဆုံးမြင်လိုက်ရတဲ့အရာက ကိုယ်အချစ်ဆုံးသူဖြစ်နေတဲ့ ခံစားချက်ကိုသိကြလား။ Soo ကတော့ ကောင်းကောင်းကြီးသိတယ်။ သိရုံတင်မက Soo အခု ဘယ်လိုခံစားနေရလဲဆိုတာကိုပါ နှုတ်ခမ်းလေးတွေကိုသုံးပြီး သက်သေပြလိုက်မိတယ်လေ။

Love Strategy {Kaisoo vers}Donde viven las historias. Descúbrelo ahora