"ဘတ်ဟျွန်း ge သူဌေးက ရုံးခန်းကို ခဏတဲ့..."
တစ်နေ့လုံး သူနဲ့ မတွေ့အောင် ရှောင်နေခါမှ တမင် အခေါ်ခိုင်းနေတဲ့ darling ကြောင့် ဘတ်ဟျွန်း အကြပ်ရိုက်သွားသည်...မသွားရင်တော့ ဖန်ရှင်းက သူ့ကို အထင်လွဲတော့မှာ
မနက်ကတည်းက သူပို့ရမဲ့ ဖိုင်တွေကို ဖန်ရှင်းကိုပဲ လှည့်ချ နေတာမို့ အခုမသွားရင်တော့ ဖန်ရှင်းရဲ့ မှန်ဘီလူးလို အကြည့်တွေအောက်မှာ အစစ်ခံနေရတော့မည်...."ဪ အင်း..."
အင်တင်တင်နဲ့ ထွက်သွားတဲ့ ဘတ်ဟျွန်းကို ဖန်ရှင်း တစ်ဆုံး
ကြည့်ရင်း သေချာတော့မှ သူ့နေရာမှာ အမြန်ဝင်ထိုင်ရင်း laptopရဲ့ hidden file တွေထဲ ဝင်ပြီး အရေးကြီးတယ်ထင်တဲ့ အရာတွေကို memory stickထဲ လွှဲနေလိုက်သည်...ဘယ်သူမှ မမြင်ခင် မမြန်လုပ်ရမယ်လေ...မိသွားရင် မျက်နှာဖော်နိုင်မှာမဟုတ်တော့....တဖက်တွင်တော့ ဘတ်ဟျွန်း ရုံးခန်းရှေ့ ရပ်နေလိုက်သည်..
Darlingက ဘာလို့ခေါ်တာလဲလည်း သိသည်...သူ့ကို
ပြဿနာရှာတော့မည်လေ....သူ တခါးကို ခေါက်လိုက်တော့...ဝှစ်ကနဲ ပွင့်သွားတဲ့ တခါးနဲ့အတူ သူလည်း လက်ကအဆွဲခံရပြီး နောကျောက အောင့် ခနဲ ခံစားရတော့သည်..
darlingဘယ်အချိန်ကတည်းက တခါးပြန်ပိတ်လိုက်လည်းတော့ ဘတ်ဟျွန်း မသိပါ လော့တော့ကျမည်မဟုတ်...သွက်လက်လွန်းတဲ့ ဂျောင်ဆူးကြောင့် ဘတ်ဟျွန်း မျက်လုံးမှိတ်ထားမိရာက ဖွင့်ကြည့်လိုက်တော့ သူအခု ဂျောင်ဆူးနဲ့ နံရံကြား ညှပ်နေသည်ပဲ......ဂျောင်ဆူးက ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး ဘတ်ဟျွန်း ရဲ့ မှေး ဖြားကို ကိုင်မြှောက်လိုက်သည်...."ကိုယ့်ကိုဒီလိုပဲ ရှောင်နေတော့မှာလား အချစ်.."
မှေးဖြားကို ပွတ်သတ်ရင်းပြောနေတဲ့ darling က ဘာမှမဖြစ်ပေမဲ့ ဘတ်ဟျွန်း ရင်ထဲတော့ ဗြောင်းဆန်နေလေပြီ...မျက်နှာ တစ်ခုလုံးလည်း ရှက်စိတ်နဲ့ နီမြှန်းလာတာမို့ တစ်ဖက်ကို မျက်နှာလွှဲမိလေတော့ ဂျောင်ဆူးက အမြန်ပဲ သူ့နဲ့ မျက်နှာချင်းဆိုင်မိအောင် လုပ်လိုက်သည်...
"ကိုယ်မေးတာဖြေလေ...အချစ်..."
ရှက်နေတဲ့ ဘတ်ဟျွန်း ကို စချင်နေတဲ့ ဂျောင်ဆူးက အတင်းမေးလေတော့ ဘတ်ဟျွန်း တံတွေကိုသာ မြိုချမိသည်...အခုလို မေးနေတဲ့ darlingရဲ့ ပုံစံက အရမ်းစွဲဆောင်မှုရှိနေတာကို darlingကတော့ မသိရှာဘူးပဲ....
နှုတ်ခမ်းကို ကိုက်ထားတဲ့ ဘတ်ဟျွန်း ရဲ့ မျက်နှာနား ပိုတိုးကပ်မိတော့ ဘတ်ဟျွန်း မျက်လုံးကို အတင်းမှိတ်လိုက်မိသည်....သူ့အမူအရာကြောင့် နှုတ်ခမ်းတွန့်သွားရုံ ဂျောင်ဆူးက ပြုံးလာသည်...ထို့နောက်...ရှေ့က အရမ်းတွေ ရှက်ရမ်းပြီး ဖြူစင်ပြနေတဲ့ ခွေးပေါက်လေးရဲ့ နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ငုံခဲစုတ်နမ်းလိုက်သည်.....စ ဖို့ သက်သက် တွေးထားပေမဲ့ မလွှတ်ချင်လောက်အောင် အချစ် ရဲ့ နှုတ်ခမ်းက ပြုစားလွန်းတယ်.....ဘယ်လောက်အထိ ကြာမှန်းမသိ ဘတ်ဟျွန်း ဂျောင်းဆူးရဲ့ ရင်ဘတ်ကို တွန်းလေတော့မှ လွှတ်ပေးလိုက်သည်