လေးဖင့်သောခြေလမ်းတို့ဖြင့် ဦးတည်ရာက အိမ်ကို...စိတ်ပျက်လက်ပျက်ဖြင့်စိတ်အခြေနေက ဟိုးဂိတ်ဆုံးအောက်မှာ...စားစရာမရှိ လျော်စရာရှိနေသောအခြေအနေ...ကံဆိုးမှသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ...ကောင်းကင်ယံမှအမည်းရောင်တိမ်လိပ်များဟာ..မိုးစက်အသွင်ပြင်းထန်စွာ ရွာသွန်းလာသည်...နောက်ကျောမှကျောပိုးအိပ်အကူဖြင့်ခေါင်းကို စိုစွတ်ခြင်းမှတခဏအကာအကွယ်ယူရင်း ခြေလမ်းတို့ကိုအရှိန်မြင့်လိုက်သည်....
တခဏအကြာမိမိနောက်မှလိုက်လာသော အနက်ရောင်ကားထံမှ ဟွန်းတီးသံကြောင့် ခြေလမ်းတို့ကို မရပ်ချင်ရပ်ချင်နှင့်ရပ်လိုက်ရသည်...
Aww..စီနယာ ရိဖန်ပဲကိုး...
"အိမ်ပြန်မလို့လား ဘတ်ဟျွန်းနီး...ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ..."
ကြွက်စုတ်လိုဖြစ်နေတဲ့ကိုယ့်အခြေနေကြောင့် သူငြင်းမနေတော့...
"ကျေးဇူးပါ စီနီယာ.."
ကားပေါ်တွင် သူတိတ်ဆိတ်စွာပင်လိုက်လာခဲ့သည်..
သူ့ထံတွင်ရိဖန်နှင့်ပတ်သက်ပြီးခံစားချက်ရှိနေသော်
လည်း ဤအခြေအနေတွင် သူ ဘယ်လိုမှရင်မခုန်နိုင် မကြည်နူးနိုင်....အဟက်! မပြောဘူးလား...အချစ် ကို ကြည်နူးဖို့ သူ့မှာ အချိန်မရှိဘူးဆိုတာ...."ဘာဖြစ်လာတာလဲ ဘတ်ဟျွန်းနီး...မျက်နှာလည်းမကောင်းဘူးရော..."
သူ့ရဲ့အမူအရာကိုရိပ်မိနေဟန်ရှိတဲ့ ရိဖန်ထံမှ အမေးကို သူ အသက်ပြင်းချရင်း ခေါင်းသာခါမိနေတော့သည်...
ကိုယ့်အပူကို သူများကို မကူးစေချင်သလို...အဖြစ်မရှိ တဲ့ကိုယ့်အဖြစ်ကိုလည်း မသိစေချင်....နားလည်သွားဟန်ရှိတဲ့ ရိဖန်က ထပ်ပြီး မမေးတော့ပဲ အိမ်ကိုသာဦးတည်မောင်းနှင်တော့သည်....................................................................
Third person's pov
/ဂုဏ်ယူပါတယ် အုက္ကဌJo.. ရှဲယာရှင်တွေရဲ့မဲပေးချက်အရ ခင်များကို new memberဝင်အနေနဲ့အခုလိုတွေ့ရတာ...ဝမ်းသာပါတယ်... /