တီတီတီ...တီတီတီ..တီတီတီ...
မနက်alarm မြည်သံကြောင့် သူ အိပ်ချင်မူးတူးဖြင့် ကုတင်ဘေးနာရီကိုမျက်လုံးမဖွင့်တမ်းစမ်းကာပြန်ပိတ်လိုက်ပီး အိပ်စက်စက်ခြင်းကိုပြန်လည်
တွယ်ကပ်ထားလိုက်သည်...*ဗြောင်ဘတ်ဟျွန်း...~~~~ထတော့..*
*အင်း..Appa umm *
မီးဖိုခန်းမှဖခင်ဖြစ်သူကမနက်စာပြင်ဆင်ရင်းသားတော်မောင်ကိုထိုမျှချိုမြိန်လှသော အသံကျယ်ကျယ်ဖြင့်နိုးနေခြင်းပင် ထိုလူသားကတော့ဟိုဖက်ဒီဖက်ကုတင်ထက်လူးလှိမ့်
ရင်း အင်းအင်းအဲအဲဟူသောအသံမှအပ မျက်လုံးအစုံတို့သည် မှိတ်နေဆဲ..*ဗြောင်ဘတ်ဟျွန်း ထတော့လို့ပြောနေတယ်..မင်းပြောတော့ ဒီနေ့interviewဖြေရပါမယ်ဆို*..
နောက်မှမနေနိုင်စွာ..မီးဖိုခန်းမှသားဖြစ်သူအခန်းထဲဝင်နိုးရသော Appaဗြောင်..
ကြည့်စမ်းကြည့်စမ်း..ဗြောင်ဘတ်ဟျွန်း အခန်းလား ကြွက်သိုက်လား မသဲကွဲ..အဝတ်အစားတွေလည်းသူ့နေရာနဲ့သူမရှိပြန့်ကျဲနေလို့..စားပွဲပေါ်မှာလည်းစာရွက်စာတမ်းတွေစာအုပ်တွေဖောင်တွေကပြန့်ကျဲနေလို့..စာရွင်စာတမ်းဖောင်ဆိုလို့အထင်မကြီးပါနဲ့ အလုပ်လျှောက်လွှာတွေနဲ့cv ဖောင်တွေသာ...
Interviewဆိုတဲ့Appaရဲ့စကားသံကြောင့် ဘတ်ဟျွန်းကမမ်းကတမ်းထလားရင်း ရေချိုးခန်းထဲသို့ပြေးရတော့သည်...ရေချိုးခန်းမှထွက်လာသည်နှင့် interviewနှင့်သင့်တော်သည့် တစ်စုံတည်းသောဝတ်စုံ..တနည်း..interview ဖြေတိုင်းဝတ်သည့်ဝတ်စုံ..ကိုအမြန်လဲရင်း..ကျောပိုးအိပ်လွယ်ကာ..ဘတ်စ်ကားမှတ်တိုင်သို့ပြေးရလေတော့သည်...
Mr. Byun ပြင်ပေးသည့်မနက်စာကိုတောင် မြည်းခွင့်ပင်မရလိုက်ပါ.............................................................
အနက်ရောင်ကားလေးတစ်စီးNext In companyရှေ့ထိုးရပ်လိုက်သည်နှင့်တပြိုင်နက် staffများအဆင်သင့်သူ့နေရာနှင်သူအစီစဉ်တကျရပ်နေကြသည်..ထိုကားအတွင်းမှ အနက်ရောင်suitအပြည့်နှင့် driverဘေးမှ secretary ဖြစ်သူ ထွက်လားပီးနောက်ခန်းမှCEOဆိုသူကိုတံခါးဖွင့်ပေးလိုက်သည်နှင့်တပြိုင်နက် staffများ ဦးညွတ်ပေးရသည်မှာ90'bow.
ထိုသူဟာ ကားအတွင်းမှထွက်ပီး မိမိcompanyကို လှမ်းမျှော်ကြည့်လိုက်သည်..