*wow... ကြယ်တွေက အေ့ လှလိုက်တာ.အေ့ .ဒါပေမဲ့ အေ့ ကောင်ကင်ကမှောင်နေတော့ အေ့ မလိုက်ဖက်ဘူး..
မင်း အေ့ သိလား အေ့ Chen...အေ့ စီနီယာ ဝူခရစ်ကလေ အေ့ ကြယ်လေးလိုပဲ အေ့ အရမ်းတောက်ပနေတာ... ငါက ငါက ငါ့ဘဝတော့ အေ့ သူနဲ့မလိုက်ဖက်ဘူးဟ..အီး ဟင့်ဟင့်..**အင်းအင်း... အခုတော့အိမ်ပြန်ရအောင်နော..လာထ ငါ့ပခုံးကိုတွဲထား..*
မူးမူရူးရူးဖြင် တအေ့အေ့နဲ့ အော်ကြီးဟစ်ကျယ် လမ်းဘေးမှာ အော်ငိုနေတဲ့ ဘတ်ဟျွန်းကို ချဲးန် တော်တော်စိတ်ညစ်သည်...ဖြတ်သွားဖြတ်လာ လူများကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့မို့ မျက်နှာတော်တော်ပူရသည်
အာဂျီးမားဆိုင်ကနေပြန်လာကတည်းက သူ့ကိုရစ်နေတာ... အခုလည်း လမ်းဘေးမှာထိုးအန်ပီး ကောင်းကင်ကိုမော့ကြည့်ရင်း သူ့ခံစားချက်တွေကို အော်ဟစ်နေပြန်သည်ကို ချဲးန် အပြစ်အပြောရက်ပါ...သူ့အကြောင်းကိုကိုယ်သာအသိဆုံးပေမို့..ငယ်ပေါင်းတွေဆိုလည်းမမှားပေ...သူပြောနေသည့် တရုတ်လူမျိုးစီနီယာ ဝူခရစ်သည် သူအထက်တန်းကတည်းက တဖက်သတ် ချစ်နေရသည့်အစ်ကို...အရပ်ရှည်ရှည် အသားဖြူဖြူ မျက်ခုံးတန်းတန်းနှင့် အလွန်ပင်ခန့်ညားသော ပျိုတိုင်းကြိုက်နှင်းဆီခိုင်...သမီးရှင်များကလည်း သားမက်တော်ချင်နေကြသည်က ခပ်များများ..
ဘတ်ဟျွန်းအထက်တန်းပထမနှစ်တွင် ဝူခရစ်ခေါ် ဝူရိဖန် ရဲ့မိဘကိုးရီးယားသို့ အလုပ်ကိစ္စနှင့်ပြောင်းလာခဲ့သည်..
ထိုအချိန်တွင် ဝူခရစ် အထက်တန်းတတိယနှစ်ပင်တက်နေပီဖြစ်သည်..
သူဟာ မိဘမျိုးရိုးကောင်းသူ တရုတ်ပြည်မှာ အချမ်းသာဆုံးစာရင်းဝင် Wu မျိုးနွယ်၏ မြေးဦးဖြစ်သလို..
အမွေစားအမွေခံသားရတနာတစ်ဦးပင်ဖြစ်သော်ညား..
မောက်မာတာမျိုးမရှိ တစ်ပါးသူကို တန်းတူပင်ဆက်ဆံသည်
သူ့ရဲ့အမြဲလိုလိုပြုံးနေတတ်တဲ့ မျက်နှာကြောင့်လည်း
လူအများတွင်ထင်ပေါ်နေတာမဆန်း...
ဤသို့သော် လူမျိုးကို ချစ်မိသည်ကား ဘတ်ဟျွန်းမလွန်ပါ..