" ပဲပြုတ်ပူပူလေး....စားကြအုန်းမလားပဲပြုတ် "
မနက်ခင်းအာရုဏ်ဦးရောက်ချိန်တိုင်းပုံမှန်ထွက်ပေါ်လာလေ့ရှိသောပဲပြုတ်သည်ရဲ့အသံစာစာလေးကြောင့်အိပ်ယာကနေနိုးစက်မလိုစွာထလာတယ့်ကောင်လေးတစ်ယောက်။အပေါ်ကချည်သားလတ်တိုအကျီကိုဝတ်ဆင်ထားပြီး၊အောက်တွင်ဒူးလောက်ရှိသောချည်သားဘောင်းဘီတိုကိုဝတ်ဆင်ထားသည်။မနက်တိုင်းပဲပြုတ်သည်ရဲ့အသံကြောင့်နိုးလာသည်မှာသူ့ရဲ့နေ့စဉ်အလုပ်။အိပ်ယာနိုးနိုးချင်းဘယ်နှစ်နာရီရှိပြီဆိုတာကိုသူများတွေလိုနာရီကြည့်ရန်မလိုပေ။သေချာပေါက်မနက် ၆ နာရီဆိုတာသိသည့်အတွက်အိပ်ယာအားသိမ်းပြီး၊မျက်နှာသစ်သွားတိုက်ချင်းတနေ့တာအလုပ်အားထလုပ်နေသည်။
ပြီးတော့စာအုပ်ကြားထဲတွင်ညှပ်ထားသောပိုက်ဆံ ၅ဝဝ တန်တစ်ရွက်အားယူပြီးလမ်းထိပ်သို့ထွက်လာသည်။ထိုကောင်လေးနာမည်က ညမီးအိမ် အသက္က ၁၆ နှစ်၊ကိုးတန်းကျောင်းသားလေးတစ်ယောက်၊ငယ်စဉ်ကတည်းကမိဘနှစ်ပါးမရှိတော့၍အန််တီအပျိုကြီးမှခေါ်၍ကျွေးမွေးစောင့်ရှောက်ထားခြင်း။
" မေလေးသားကိုမုန့်ဟင်းခါး၊ပဲကြော်နဲ့၊ငရုတ်သီးနည်းနည်းလေးပဲထည့်ပေးပါ "
" မီးအိမ် လေးတောင်နိုးပြီလား?မီးအိမ် အကြိုက်ကိုမေလေးသိပါတယ်ထိုင်စောင့်အုန်းလေ၊မင်းမမ မမမြတ် ခေါက်ဆွဲသွားဝယ်နေတယ် "
" ဟုတ်၊မေလေး "
မုန့်ဟင်းခါးနဲ့အသုတ်စုံရောင်သောမေလေးသည်မီးအိမ်သိသောမိသားစုဝင်တစ်ယောက်ဖြစ်သည်။တီလေးသည်အမြဲတမ်းအလုပ်ကြောင့်နေရာတကာသွားရသလိုအိမ်ပြန်လာသည်ဆိုမှာရှားသည်။အကယ်၍အိမ်ပြန်လာရင်လည်း ၂၄ နာရီပြည့်အောင်တောင်မနေဘဲ၊တစ်ခါတည်းတန်းသွားသည်။ဒါပေမယ့်မီးအိပ်ဖို့မုန့်ဖိုးကိုတော့မီးအိမ်မြင်နိုင်သော TV ခုံပေါ်တွင်တင်ထားသည်။
တီလေးပေးသောမုန့်ဖို့အားစာအုပ်ကြားတွင်ညှပ်၍ မီးအိမ် စုဆောင်းသည်။မမမြတ်ရဲ့အမေသည် မီးအိမ် အားသားတစ်ယောက်လိုချစ်ခင်စောင့်ရှောက်ပေးသည်။ထိုနည်းတူမမမြတ် သည်လည်း မီးအိမ် အားမောင်လေးအရင်းတစ်ယောက်ကိုကြင်နာနှစ်သိမ့်ပေးသည်။မီးအိမ် ဘဝအတွက်မမမြတ်အမေ၊မမမြတ်နဲ့ကိုလင်း တို့သည်မိသားစုလိုပင်ဖြစ်သည်။