မင်းသော်ဇင် သူ့အခန်းထဲရောက်သောအခါကျောပိုးအိတ်ကိုကုတင်ပေါ်သို့ပစ်တင်ပြီး အကျီအိတ်ကပ်ထဲကစာရွက်လေးအားထုတ်၍ သူ့ရဲ့ Note စာအုပ်အသစ်တစ်အုပ်ထဲထည့်ရင်း စာရွက်လေးအောက်မှာစာရေးလိုက်သည်။'ပထမဆုံးနေ့မင်းကိုယ့်ဘဝထဲဝင်လာတယ့်အမှတ်တရလက်ဆောင် အားလူးကြော်အချိုထုတ်၊ အေအးဗူးတစ်ဗူး နှင့်အတူ အခုအပေါ်မှာမြင်ရသော အပြာရောင်စာရွက်လေးတစ်ရွက် .သေချာပြီနောက်နေ့တွေမှာမင်းကိုကိုယ်ရှာပုံတော်ဖွင့်ရတော့မယ် '
ရေးပြီးတော့သူသည် စာအုပ်အားပိတ်ပြီးအံ့ဆွဲထဲသို့ထည့်လိုက်သည်။ပြီးတာနဲ့ကိုယ်ပေါ်တွင်ရှိသော အကျီနှင့်ပုဆိုးအားချွတ်ပြီး ရေချိုးခန်းထဲသို့ဝင်သွားပြီး ရေပန်းခလုတ်အားဖွင့်လိုက်လေသည်။ ရေပန်းကကျလာသောရေစက်များကို သူ့ရဲ့ကြွက်သားတွေဖြင့်တောင့်တင်းနေသောခန္ဓာကိုယ်က ခံယူလေသည်။ယခုသူ့ပုံစံသည် တစ်ကိုယ်လုံးတွင်ဘာအဝတ်အစားမှမရှိ မဖြူမညိုအသားအရည် နဲ့အတူ ပြင်ကျယ်လှသောကျောပြင်ကြီးမှရေစက် လေးများသည် အဝတ်မပါသောသူ့ကိုယ်ပေါ်တွင်ပြေးလွှားနေပြီးတဖြည်းဖြည်းအောက်ဘက်ဆီသို့ဆင်းလာပြီးခြေသလုံး ကေန ခြေဖဝါးအောက်ကကြမ်းပြင်အထိ စီးဆင်းသွားသည်။
မင်းသော်ဇင် ရေချိုးနေချိန်အောက်ထပ်ကထမင်းစားခန်းထဲမှာထမင်းပန်းများကိုထိုင်ခုံရှေ့တွင််ချထားပြီးထမင်းတွေအဆင်သင့်ထည့် ရေအဆင်သင့်ထည့်ထားပြီး ခုံပေါ်မှာလည်းဟင်းပွဲအစုံအလင်ဖြင့် မိသားစုထမင်းဝိုင်းအားပီတိအပြုံးဖြင့်စောင့်နေသော ဒေါ်နှင်းယုယမောင်
အဲ့နောက်တွင်တော့ ဦးမင်းမင်း သည်ထမင်းစားပွဲသို့ရောက်လာပြီးစားပွဲရဲ့ထိတ်ဆုံးခုံတွင်ထိုင်လေသည်။
" သမီး...သော်တာရေ.ကိုကို ကိုထမင်းစားဖို့သွားခေါ်လိုက်ပါအုန်းကွယ် "
ဒေါ်နှင်းယုယမောင် ရဲ့စကားအဆုံး အိမ်ရှေ့ကဆိုဖာအပေါ်တွင် TV ကြည့်နေသော နှင်းသော်တာမင်း သည်အပေါ်ထပ်သို့ပြေးတတ်၍ သူ့အကိုတံခါးအားခေါက်၍အသိပေးလိုက်သည်။