မီးအိမ် လမ်းထိပ်ရောက်တော့မမမြတ် လည်းသူ့အိမ်ထဲကထွက်လာလေပြီ။မမမြတ် သည်ကျောင်းရင်ဖုံးအကျီအဖြူနဲ့ကျောင်းစိမ်းထမီရှည်ကိုဝတ်ဆင်ထားပြီး၊ခါးလောက်ရှိသောသူ့ဆံနွယ်များကိုနှစ်စုခွဲ၍ကျစ်ဆံမြီးကျစ်ထားသည်။လက်ထဲတွင်လည်းထမင်းချိုင့်ခြင်းကိုမီးအိမ်လိုပဲကိုင်ထားသည်။
" အိုး.....မီးအိမ် လေးတောင်လူချောလေးဖြစ်လာပြီပဲ "
မီးအိမ် ကိုမြင်မြင်ချင်းချင်းခြေဆုံးခေါင်းဆုံးကြည့်ပြီးစကားဆိုလေသည်။ မီးအိမ်နဲ့မမမြတ် တို့သည်အမြဲတမ်းကျောင်းကိုမီးအိမ်ငယ်ငယ်လေးကတည်းကအတူတူသွားကြသည်လေ။
" မဟုတ်ပါဘူး...မမမြတ် ကလည်းသားကနဂိုအတိုင်းလေးပါပဲ၊ချောမယ့်ချောမမမြတ် ကသာပိုချောလာတာပါ။ဒါကြောင့်လည်းကျောင်းမှာရည်းစားစာပေးခံရတာခဏခဏ "
" သေနာလေး....တိုးတိုးပြောစမ်းပါအဲ့ဒါကို....သူတို့ဘာသာပေးချင်လို့ပေးတာလေ မင်းမမမြတ် ကစိတ်မဝင်စားမှန်မင်းမသိဘူးလား? "
" သိပါတယ်...ဒါပေမယ့်စာပေးသူတွေကကိုလင်း ရဲ့လက်သီးကိုမမမြတ် ကြောင့်မြည်းလိုက်ရကတည်းကစာတွေမလာတော့ဘူးနော် "
" အင်း....ဒါလည်းကောင်းတယ်၊အဲ့တုန်းကဆို တော်သေးရုံးခန်းမရောက်လို့ "
" ဟုတ်တယ်....ဟုတ်တယ်.... "
မီးအိမ် တို့မောင်နှမနှစ်ယောက်စကားတပြောပြောဖြင့်လမ်းလျှောက်လာသည်။လမ်းထိတ်ကိုအနည်းငယ်ချိုးတော့လက်ဘရည်ဆိုင်တစ်ဆိုင်ရှိသည်။ဆိုင်ရှေ့တွင်ကျောင်းဝတ်စုံအဖြူအစိမ်းဖြင့်စောင့်နေသောသူတစ်ယောက်။သူသည်မီးအိမ် အကိုလိုခင်ရသောကိုလင်းထက်မြတ်ပင်ဖြစ်သည်။
" ဟေ့....ဒီမောင်နှမနှစ်ယောက်ငါ့ကိုကြည့်ပြီးအတင်းတုတ်နေတာလား? "
ကိုလင်း သည်စစတွေ့ချင်းမီးအိမ် တို့အားနှုတ်ဆက်လေသည်။သူ့ရဲ့နှုတ်ဆက်ပုံကသူများနဲမတူတာလေးတစ်ခုပင်။
သေသေချာချာတိတိကျကျပြောရရင်မီးအိမ် ကဒီလမ်းထဲမှာငယ်ငယ်လေးကတည်းကနေတာ။အခုတတ်တယ့်ကျောင်းမှာလည်းသူငယ်တန်းထဲကနေစတတ်ခဲ့တာ။မမမြတ် နဲ့စခင်တာကမမမြတ် တို့သားအမိပြောင်းလာပြီး မီးအိမ် တစ်တန်းနှစ်လောက်မှာအတန်းထဲမှာမမမြတ် နဲ့စသိပြီးခင်ခဲ့တာ။အမှန်ဆိုမမမြတ် ကမီးအိမ် ထက်အတန်းကြီးရမှာ။ဒါပေမယ့်ပြောင်းရွှေ့မှု့တွေကြောင့်တစ်နှစ်နောက်ကျတာ။