❤️Part(1)💚

1.6K 135 50
                                    

"မာန်လာပြီ..ဝါး...ငါ့လင်လေးလာပြီ..."

"ဘာငါ့လင်လဲ ငါ့လင်ဟဲ့...ငါ့လင်.."

"အပိုတွေပြောမနေနဲ့ ငါ့အဆင်ကိုနင်တို့လာလုနေစရာမလိုဘူး..."

ဒါကတော့ အမြဲတမ်းအဲ့လိုပါပဲ မာန်သျှားအောင် ဆိုတဲ့သူ ကျောင်းထဲဝင်လာရင် အမြဲတမ်းကြုံတွေနေတဲ့ ကိစ္စတစ်ခုပဲလေ

အခန်းရှေ့မှာ ကောင်မလေးတွေသာမက ကောင်လေးတွေ အခြောက်တွေအကုန် မာန်ကျောင်းထဲကိုဝင်လာပြီဆိုသည်နှင့် အော်ဟစ်တကြားဖြစ်ကုန်ကြပြီ

စီးပွားရေးတက္ကသိုလ်ရဲ့Kingက ဒီလောက်တော့ရှိသင့်တယ်မလား

မာန်သည် ပြုံးကာဖြင့် စတိုင်ကျကျလမ်းလျှောက်ရင်း မိမိ့အခန်းရှိရာသို့ရောက်လာခဲ့သည်

ဝိုင်းကြည့်နေတဲ့ မိန်းကလေးတွေ ယောကျာ်းလေးတွေကို တစ်ချက်နှုတ်ခမ်းရွဲ့လောက်လေးဆိုသလိုသာ ပြုံးပြလိုက်ပြီး အခန်းထဲကို ဝင်သွားလိုက်သည်

ဒီလိုလေးပြုံးပြတာကိုပင် အကုန်လုံးက သေပျော်နေကြပြီ

မာန်ခုံမှာထိုင်လိုက်သည်နှင့် မာန့်ဆီသို့ အပြေးအလွှားဖြင့် ရောက်လာသူမှာ ကောင်းမြတ်..

"ဟျောင့် ထိုင်မနေနဲ့ အတန်းလစ်မယ် မြန်မြန်.."

"ဟျောင့် မင်းဘာဖြစ်နေတာလဲ ငါအခုမှ ထိုင်ခုံမှာထိုင်ရုံပဲရှိသေးတယ် ကျစ်.."

မာန်သည် စိတ်ရှုပ်ထွေးစရာဖြင့် စုတ်တစ်ချက်သတ်လျှက် ကောင်းမြတ်ကိုပြောလိုက်လေသည်

ထိုအခါ ကောင်းမြတ်သည်

"အေး လဒကောင် လိုက်ချင်လိုက် မလိုက်ချင်နေ ငါအခုပြောမှာက အရမ်းအရေးကြီးတယ်.."

"ဟင့် ပြောပါဉီး မင်းရဲ့အရေမရအဖက်မရ စကားတွေ..."

"အေး အခုငါပြောမှာက မင်းရဲ့ရန်သူတော်ကြီးအကြောင်း..အခုသူ( --- )မှာ ငါတို့အမြတ်တနိုးထားရတဲ့ EXOပုံတွေကို ဖြဲပြီးမီးရှို့နေတယ်.."

"ဘာပြောတယ်!!!.."

ကောင်းမြတ်စကားဆုံးသည်နှင့် မာန်သည် ဒေါသတကြီးဖြင့်အော်ကာ ခုံမှထရပ်လိုက်လေသည်

We are fan boysWhere stories live. Discover now