💛Part(6)💜

355 64 9
                                    

ရှိုင်းတစ်ယောက် ကျောင်းသို့ သွားနေတဲ့တစ်လျှောက် စိတ်တွေလေးလံလို့နေသည်
ဘာကြောင့်မှန်းလဲမသိ မနက်အိပ်ရာထကတည်းက စိတ်တွေမှိုင်းနေတာ
ကျောင်းသွားဖို့ကလည်း စိတ်ကမပါဘူး

မျက်နှာပေါ်က ဒဏ်ရာတွေကလည်းတော်တော်လေးသက်သာနေပြီဖြစ်တာကြောင့် အဆင်တော့ပြေနေပြီ

ရှိုင်းသည် ကျောင်းသို့သွားနေရင်း ရောက်ခန်းနီးအလိုတွင် ချက်ခြင်းဆိုသလိုပင် ကားကိုကွေ့လျှက် မာန့်ရဲ့ကွန်ဒိုဆီသို့ ဉီးတည်ကာ မောင်းနှင်လိုက်လေသည်

မောင်းသာမောင်းနေရတာ မာန်က  အိမ်မှာရှိပါ့မလား
ကျောင်းသွားနေပြီလားမသိ

ရှိုင်း စဉ်းစားရင်းနဲ့ပင် မာန်ရှိတဲ့ ကွန်ဒိုဆီသို့ရောက်လာခဲ့သည်
ရှိုင်းသည် ကားပေါ်ကဆင်းလိုက်ပြီး တရွေ့ရြွေဖင့် မာန်ရှိရာ အခန်းဆီသို့ရောက်လာခဲ့သည်

မာန်အခန်းရှေ့တွင် ရှိုင်းအချိန်တော်ကြာရပ်နေမိတယ်
တံခါးပဲခေါက်ပြီး အထဲဝင်ခွင့်တောင်းရမလား မာန်ကသူ့ကိုစိတ်ဆိုးပြီး နှင်ထုတ်ရင်ကော
ရှိုင်း ခေါင်းထဲ၌ အတွေးပေါင်းများစွာ ဝင်လို့နေသည်

နောက်ဆုံးမှာတော့ ရှိုင်းတစ်ယောက် ဆုံးဖြတ်ချက်ကို အခိုင်အမာချလျှက် အခန်းတံခါးဘဲလ်ကို တီးလိုက်လေသည်

"တီးတောင်..."

တံခါးဘဲလ်တီးသော်လည်း တံခါးက ပွင့်လို့မလာပေ
ရှိုင်းသည် မာန်ကျောင်းသွားသည်ဟုအထင်ဖြင့် အောက်ပြန်ဆင်းမယ်အပြု

"ကျွီ..."

ပွင့်လာတဲ့ အခန်းတံခါးလေး
အခန်းတံခါးလေးရဲ့အနောက်မှာတော့ မာန်

"မာန်.."

ရှိုင်းသည် စိုးရိမ်တကြည်ဖြင့်မာန့်ရဲ့နာမည်ကိုလှမ်းခေါ်လိုက်လေသည်

ရှိုင်း တကယ်ကိုပဲ စိုးရိမ်သွားရသည်
မာန်သည် ဖြူဖျော့နေသောမျက်နှာဖြင့် တကယ်ကို အားမရှိတဲ့ လူပုံစံတိုင်း နွမ်းလို့နေသည်

ရှိုင်းသည် တံခါးအားတွန်းဖယ်လျှက် မာန့်အနားသို့ စိုးရိမ်တကြည် လျှောက်သွားလိုက်သည်

We are fan boysWhere stories live. Discover now