💚Part(3)❤️

526 78 51
                                    

မနက်ခင်းရဲ့နေရောင်ခြည်နုနုလေးသည် အိပ်ခန်းတွင်းရှိ ရှိုင်းရဲ့မျက်နှာလေးပေါ်သို့ဖြာကျလျှက်ရှိသည်

ရှိုင်းသည် ခေါင်းကဒဏ်ရာအရှိန်ကြောင့် တစ်ဆစ်ဆစ်နဲ့ကိုက်ကာ ဆက်အိပ်လို့မရတော့တာကြောင့် အိပ်ရာပေါ်မှာ နိုးလာခဲ့သည်

နိုးနိုးချင်းပင် မြင်လိုက်ရတဲ့ မျက်နှာတစ်စုံကြောင့် ရှိုင်းရဲ့နှလုံးခုန်သံတွေက စည်းချက်မညီထွက်ပေါ်လို့လာသည်

"မာန်..."

ရှိုင်းသည် အသံတိုးတိုးလေးပြုလျှက် မာန့်ကိုခေါ်လိုက်လေသည်

မာန်သည် ရှိုင်းကိုကြည့်နေရာမှ အကြည့်တွေခွာလိုက်ပြီး မတပ်ထရပ်လျှက်

"အောက်မှာ မနက်စာလုပ်ထားတယ် လာစား.."

ထိုစကားတစ်ခွန်းသာပြောပြီး အောက်ထပ်ကိုဆင်းသွားတဲ့ မာန်ကြောင့် ရှိုင်းနှူတ်ခမ်းတွေက တံတောင်လောက်ဆူလာပြန်သည်

"ဟွန့်..."

သက်ပြင်းတစ်ချက်ကိုသာ ခပ်ဖွဖွလေးချလျှက် ရေချိုးခန်းထဲသို့သာ ဝင်သွားတော့သည်

ရေမိုးချိုးပြီး အောက်ဆင်းလာတော့ မာန်က ထမင်းစားခန်းမှာသူ့ကိုထိုင်၍စောင့်လို့နေသည်

ရှိုင်းလည်း မာန့်ရဲ့ဘေးမှာ ဝင်ထိုင်လိုက်တော့ မာန်က ပေါက်မုန့်တစ်ချပ်ကို စတော်ဘယ်ရီယိုလေးသုတ်ပြီး သူ့ပန်းကန်ထဲကိုထည့်ပေးတယ်

ဘာစကားတစ်ခွန်းမှတော့မပြောပေ
သူလည်းသူ့မုန့်သူစားသလို ကျွန်တော်လည်း ကိုယ့်မုန့်ကိုယ်စားနေလိုက်သည်

ခဏကြာတော့ မာန်က စားနေတာကိုရပ်ပြီး ကျွန်တော့်ကိုစိုက်ကြည့်နေသည်
ပြီးနောက် သူ့ရဲ့လက်တွေက ကျွန်တော့်ခေါင်းထက်က ပတ်တီးဆီသို့

"နာနေသေးလား..."

ရှိုင်းရဲ့စကားကြောင့် ကျွန်တော် ခပ်ရေးရေးလေးပြုံးမိတယ်

"မင်းကော..."

"ငါက အဆင်ပြေတယ်.."

"ငါကောပဲ..."

ထို့နောက် နှစ်ယောက်သား အချိန်တော်ကြာစိုက်ကြည့်လျှက် ပြုံးမိကြတယ်

We are fan boysWhere stories live. Discover now