မနက်ခင်းရဲ့နေရောင်ခြည်နုနုလေးသည် အိပ်ခန်းတွင်းရှိ လှပစွာအိပ်ပျော်နေလျှက်ရှိသော ကောင်လေးတစ်ယောက်ပေါ်သို့ ဖြာကျလျှက်ရှိနေသည်
လှပနေတဲ့ မျက်နှာပြင်နုနုလေးပေါ် ဖြာကျလျှက်ရှိနေတဲ့ နေရောင်ခြည်လေးတွေကို လက်ဖြင့်ကာတားလိုက်သူမှာက
မာန်...."......"
ခဏကြာတော့ မျက်မှောက်ကြုတ်ကာ နိုးသူက ရှိုင်း
မျက်လုံးများကို ဖွင့်လိုက်သည်နှင့်ဆိုရင်ပင် မျက်နှာချောချောလေးသည် သူ့အားငုံ့ကာ ကြည့်လို့နေသည်
ရှိုင်းသည် ပန်းနုရောင်နှုတ်ခမ်းလေးတစ်ဖက်အား ကိုက်လျှက် လှဲနေရာမှထလိုက်ပြီး
"ဘာလုပ်နေတာလဲ ငါ့ကိုကြည့်ပြီး.."
"စားဖို့..."
"ဘာ!!!.."
မာန့်ရဲ့စကားကြောင့် ရှိုင်းကြောင်သွားသလို လန့်ဖြန့်ပြီး အော်လိုက်မိလေရဲ့
မာန်ကတော့ အူကြောင်ကြောင်အသံလေးဖြင့်
"ဘာလဲ ငါက မနက်စာစားဖို့လာခေါ်တာ....."
"Awww...."
ရှိုင်းသည် မာန့်စကားကြောင့် ရှက်ကိုးရှက်ကန်းဖြင့် အိပ်ရာပေါ်မှ အလူးအလဲဖြင့်ထလို့နေသည်
သူ အတွေးလွန်သွားတယ်မဟုက်ပေလားမာန်ကတော့ ရှိုင်းရဲ့ဖြစ်ပျက်သွားတဲ့ ပုံစံလေးကိုကြည့်ကာ ရင်ထဲက လှိုင်းတွေထန်လို့နေသည်
အိပ်ရာပေါ်မှ အလူးအလဲထကာ အပြင်သို့ထွက်သွားရန်ပြင်နေတဲ့ ရှိုင်းရဲ့လက်တစ်ဖက်ကို မာန့်က ဆွဲဆောင့်ပြီး အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်လေသည်
ပြီးနောက် ရှိုင်းရဲ့ကိုယ်ပေါ်လေးသို့ အုပ်မိုးလျှက် ရှိုင်းရဲ့ နားရွက်ဖျားလေးအားကိုက်ကာ နှစ်ကိုယ်ကြားအသံလေးဖြင့် ပြောလိုက်လေသည်
"babyလေးက ဘာထင်လို့လဲ...."
"မင်း..မင်း..အွတ်.."
ရှက်သွေးဖြာနေတဲ့ရှိုင်းရဲ့စကား မဆုံးခင်မှာပင် မာန်သည် ရှိုင်းရဲ့နှုတ်ခမ်းလေးတွေအား သိမ်းပိုက်လို့ပြီးနေပြီဖြစ်သည်
YOU ARE READING
We are fan boys
RomanceL&Armyတို့ရဲ့အိမ်ထောင်ရေးက ကြာရှည်ခံပါမလား🤨 Kakura Alice L&Armyတို့ရဲ့အိမ်ထောင်ရေးက ကြာရှည်ခံပါမလား🤨 Kakura Alice