စားသောက်ဆိုင်တစ်ဆိုင်တွင်းတွင် စားပွဲဝိုင်းလေးတစ်ဝိုင်းတွင်
ရှိုင်းနှင့် မာန်သည် အရှေ့မျက်နှာချင်းဆိုင်လေးထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မမြင်ချင်လောက်အောင် မျက်နှာတွေတစ်ဖက်သို့လှည့်ထားလေသည်ကောင်းမြတ်နဲ့ လွှမ်းမိုးကတော့ လင်လင်နှစ်ယောက်ကြားနေ၍ မျက်စိပျက်မျက်နှာပျက်ဖြစ်လို့နေကြလေသည်
တိတ်ဆိတ်နေတဲ့ လေထုရပ်ဝန်းကို စတင်ဖြိုခွဲလိုက်သူမှာတော့ မာန်ပင်
"ဟျောင့်...လွှမ်းမိုး...မင်းသူငယ်ချင်းကိုမေးလိုက်...ငါနဲ့ပြန်လိုက်မှာလားလို့..."
"ရှိုင်း..."
လွှမ်းမိုးက ရှိုင်းကို ခေါ်တော့ ရှိုင်းက လက်ကာရမ်းပြလိုက်ပြီး
"ပြောလိုက်...ရှိုင်းဆိုတဲ့ကောင်က ကိုယ့်ဘာကိုယ် တစ်ယောက်တည်းလဲ အိမ်ပြန်တတ်တယ်လို့...."
"ဟွန့် ပြန်ပေါ့ တစ်ယောက်တည်း..ဟျောင့် ကောင်းမြတ် ငါပြန်ပြီ....."
ပြောပြီးသည်နှင့် မာန်သည် ခုံမှထလျှက် မိမိကားရှိရာသို့ ပြန်သွားလေသည်
ဆိုင်တွင်းသို့ ရှိုင်း..ကောင်းမြတ်နဲ့ လွှမ်းမိုးတို့သာ ကျန်ခဲ့လေသည်
လွှမ်းမိုးနှင့် ကောင်းမြတ်သည် ရှိုင်းအားကြည့်ပြီး
"ရှိုင်း မင်းတို့နှစ်ယောက် ငါတို့ကြောင့် ရန်ဖြစ်ရပြန်ပြီ...."
"ဘာမှမဖြစ်ပါဘူး...မင်းတို့လည်းနေရင်နေခဲ့တော့ ငါပြန်ပြီ..."
ရှိုင်းက ခုံမှထပြီး ပြန်ရန်လုပ်တော့ လွှမ်းမိုးသည် ချက်ခြင်းဆိုသလို ခုံမှထပြီး
"မင်း ကားမပါဘူးမလား...ငါလိုက်ပို့မယ်လေ.."
"ရတယ် ငါပြန်တတ်ပါတယ်ကွ.."
ရှိုင်းသည် သူတို့နှစ်ယောက်အား ပြုံးသာပြလိုက်ပြီး ဆိုင်ထဲမှ ထွက်သွားလေသည်
ဆိုင်အပြင်ရောက်တော့ ရှိုင်းသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွလေးချလျှက် ဘားဆိုင်သို့ ဉီးတည်သွားလေသည်
ကောင်းမြတ်နဲ့ လွှမ်းမိုးတို့ကတော့ သူတို့နှစ်ယောက် အပြစ်မကင်းဘူးဟာဆိုကာ စိတ်မကောင်းတော့ဖြစ်နေကြလေသည်
YOU ARE READING
We are fan boys
RomanceL&Armyတို့ရဲ့အိမ်ထောင်ရေးက ကြာရှည်ခံပါမလား🤨 Kakura Alice L&Armyတို့ရဲ့အိမ်ထောင်ရေးက ကြာရှည်ခံပါမလား🤨 Kakura Alice