"ဟျောင့် ရှိုင်း...မြန်မြန်လာ..နှေးတိနှေးတုန့်နဲ့ အခန်းထဲမရောက်ပဲနေတော့မယ်...."
"လာနေပါပြီကွာ..."
"အဲ့ဒီ့မင်းရုပ်က ဘာဖြစ်နေတာလဲ မသိရင် လင်နဲ့ စိတ်ဆိုးနေတဲ့ရုပ်နဲ့..."
"ဘာ မင်းဘာပြောတယ်.."
လွှမ်းမိုးရဲ့စကားကြောင့် ရှိုင်းတစ်ယောက် ဒေါသထွက်သွားကာ လွှမ်းမိုးကိုပင်မစောင့်ပဲ အခန်းထဲသို့ဝင်သွားလေသည်
"မင်းကလည်း ငါ့ကိုစောင့်ပါဉီး ဘာဖြစ်နေတာလဲ...."
"ဘာမှမဖြစ်ဘူး ဆရာမလာတော့မယ် စာအုပ်သာထုတ်..."
ဆူပူတ်ပုတ်နဲ့ပြောလာတဲ့ ရှိုင်းကိုကြည့်ကာ လွှမ်းမိုး ခေါင်းသာကုတ်လျှက် စာအုပ်ထုတ်လိုက်သည်
ခဏနေတော့ ဆရာမရောက်လာကာ စာသင်ကြတော့သည်
လွှမ်းမိုးတစ်ယောက် ရှိုင်းကိုကြည့်ပြီး နားမလည်နိုင်ပေ
ဘာတွေများ စိတ်ညစ်စရာရှိနေလို့ ဒီလိုဆူပုတ်နေရတာလဲ........လွှမ်းမိုးတစ်ယောက် ရှိုင်းကိုသာ ကြည့်ပြီး စပ်စုချင်စိတ်တွေများတာကြောင့် အတန်းပြီးသွားသည်နှင့် ရှိုင်းကိုခေါ်ကာ City markတစ်ခုဆီသို့ ခေါ်လာခဲ့ဘိုက်သည်
စားသောက်ဆိုင်လေးတစ်ဆိုင်ထဲ ဝင်ပြီး
"ဟျောင့် မင်းဘာဖြစ်နေတာလဲလို့..."
"ဘာဖြစ်ရမှာလဲ ဒီအတိုင်းပျင်းလို့ကွာ"
"ပျင်းလို့..."
ရှိုင်းရဲ့စကားကို လွှမ်းမိုးက သံယောင်လိုက်ပြီး မယုံသင်္ကာမျက်လုံးတွေနဲ့ကြည့်လိုက်လေသည်
ရှိုင်းကတော့ မျက်စိနောက်လို့သာ ဘာမှမပြောပဲ ဆိုင်က ချပေးလာတဲ့မုန့်တွေသာ ယူစားလေသည်
ထိုအချိန် သူတို့ဘေးက စားပွဲကိုရောက်လာသူတို့မှာ မာန်
အဲ့တာကို လွှမ်းမိုးကမြင်တော့
"အယ်ဇေးရှင်းတွေ လာပြီ...."
လွှမ်းမိုးစကားကြောင့် ရှိုင်းဘေးဘက်ကိုကြည့်လိုက်တော့ မာန်တို့....
ရှိုင်းသည် ခပ်ပါးပါးလေးသာပြုံးလျှက်
![](https://img.wattpad.com/cover/241389782-288-k387157.jpg)
YOU ARE READING
We are fan boys
RomanceL&Armyတို့ရဲ့အိမ်ထောင်ရေးက ကြာရှည်ခံပါမလား🤨 Kakura Alice L&Armyတို့ရဲ့အိမ်ထောင်ရေးက ကြာရှည်ခံပါမလား🤨 Kakura Alice