part(7)

1.4K 95 2
                                    

Part(7)

လေယာဉ်ဆိုက်သည်နှင့်တပြိုင်နက်..

မိယာမအား..

ကားအသင့်ပြင်ထား.
စံအိမ်ကိုအရင်သွားမယ်..
ထို့နောက်ကားတန်းရှည်ကြီးလေဆိပ်မှထွက်ခွာသွားပြီးနောက်..

ကားပေါ်တွင်.ရှဲ့ရန်ချန်းမှာ.
မျက်လုံးများမှိတ်ကာ.
မျက်ခုံးရိုးများကိုဖိနှိပ်၍ခနအနားယူတော့သည်..

မိယာမကကားမောင်းရင်း..
အနားယုနေသောသခင်ကြီးအားတစ်ချက်ကြည့်ကာ.
တိတ်တဆိတ်ပင်စောင့်ကြည့်နေသည်

မကြာမီပင်ကားတန်းရှည်ကြီးမှာ
ရှဲ့အင်ပါယာအဆောက်ဦးတွင်းသို့ရောက်ရှိလာသည်..

ရှဲ့ရန်ချန်းလဲကားပေါ်မှဆင်းသွားပြီး
စံအိမ်ထဲသို့..ဝင်သွားသည်

ထို့နောက်သူအခန်းတွင်ရေကိုခပ်မြမြန်ချိုးကာ...

အဝတ်လဲခန်းတွင်း၌အဝတ်အစားများကိုသေချာရွေးချယ်ကာဝတ်ဆင်လိုက်သည်..

ထို့နောက်မိယာမကိုဆက်သွယ်လိုက်သည်.

အားလုံးပြင်ပြီးပြီလား...

အဆင်သင့်ဖြစ်ပါပြီသခင်ကြီး.

ကောင်းပြီသွားစို့..

ထို့နောက်တဖန်ကားတန်းရှည်ကြီးသည်

စကားလက်စ်စံအိမ်ကြီးဆီသို့မောင်းနှင်လာကြသည်..

ကားတန်းရှည်ကြီးမှအနက်ရောင်ဝတ်လူတစ်ဥိးထွက်လာပြီး..ခြံဝင်းရှိလူခေါ်ဘဲလ်ကိုနှိပ်လိုက်သည်

ဘဲလ်သံကြောင့်..စကားလက်စ်စံအိမ်အတွင်းရှိ..လီလီမွာ.သူ့ယောက်ျားအား..
မေးလိုက်သည်..

အချစ်ရေ..ဒီနေ့ဧည့်သည်တွေလာမယ်လို့များပြောထားလား..

အိုင်ဗင်စကားလက်စ်မှာ..ရေချိုးနေရာမှ
သူ့ဇနီး၏မေးသံကြောင့်..

No...လီလီ..ကိုယ်ဧည့်သည်တွေမဖိတ်ထားပါဘူး.

Oki..အချစ်ရေ..အပြင်မှာဧည့်သည်တွေရောက်နေတယ်..ရေချိုးပြီးဆင်းလာခဲ့ပါ
ထို့နောက်ခြံတံခါးအားဖွင့်ခိုင်းလိုက်ပြီး.

စကားလက်စ်ခြံကြီးအတွင်းသို့အနက်ရောင်ကားဆယ်စီးကဝင်လာတော့သည်..

Oh My Lovely Dasey!!Where stories live. Discover now