part(16)

1K 71 0
                                    

Part(16)

အိုဝင်မှာ..ဆာဗာအိမ်တော်သို့မပြန်ချင်ပေ.

စိတ်ညစ်ညူးစွာဖြင့်....ကားကိုသာတဖြည်းဖြည်းပတ်မောင်းရင်း...အချိန်ကုန်သွားအောင်...စောင့်ဆိုင်းနေခဲ့သည်..

ဟူး...............
သက်ပြင်းကိုကျိတ်ချရင်း..

ကားနောက်ခုံးပေါ်သို့ခေါင်းတင်ကာမှီချလိုက်ပြီး..ရောက်တတ်ရာရာများကိုတွေးတောနေမိသည်..

မိမိမှာဆာဗာသခင်ကြီး၏တရားဝင်သမီးဖြစ်ပြီး.
မိမိဖခင်တွင်တရားဝင်ကလေးပေါင်းဆယ်ယောက်ခန့်ရှိသည်

တစ်ဦးနှင့်တစ်ဦးမှာ.အိမ်တော်မှာအာဏာရရေးအတွက်ချောင်းမြောင်းတိုက်ခိုက်နေကြသည်

မိမိဖခင်မှာလဲ..ငွေမှလွဲ၍ဂရုမစိုက်သူဖြစ်ရာ..

တခြားတရားမဝင်ကလေးများထက်ပိုပြီးအသုံးဝင်အောင်တော်အောင်အမြဲကြိုးစားခဲ့ရသည်.

မိမိသာအသုံးမဝင်ပါကမိမိဖခင်ဆာဗာသခင်ကြီးမှာသူ၏တရားမဝင်ကလေးများနှင့်မိမိနေရာအားအစားထိုးမည်မှာသေချာပေါက်ပင်...

ထို့ကြောင့်အိုဝင်မှာ..ကျောထောက်နောက်ခံရှိရန်လိုအပ်ပေသည်..

ထို့မှသာ...မိမိဖခင်၏မျက်လုံးထဲ၌အရာဝင်နေပေမည်..

ထို့ကြောင့်..အင်အားကြီးမားသောရှဲ့ရန်ရှင်းအားမိမိသဘောကျခဲ့သည်..

ဟူး...........ငါရွေးလိုက်တဲ့ပစ်မှတ်ကခက်ခဲနေလိမ့်မယ်လို့မထင်ခဲ့ဘူး

ပြီးတော့ရှဲ့ရန်ချန်းကမိမိဖခင်၏သတင်းပေးများကိုတစ်လအတွင်းအမြစ်ဖြုတ်လိုက်နိုင်သည်..
ရှဲ့အင်ပါကာစကိုင်းတွင်..မိမိဖခင်ဘက်တော်သားများမှာ...ရှဲ့ရန်ချန်း၏နင်းခြေမှုတွင်လက်စတုံးသွားကြသည်.

ထို့ပြင်ရှဲ့ရန်ချန်းက..projectများကိုအသေးစိတ်စစ်ဆေးနေရာ..မကြာမီမိမိဖခင်အလှည့်ရောက်ပေတော့မည်..

ဆာဗာသခင်ကြီးမှာ..projectထဲမှငွေများကိုယူသုံးထားရာ...
အိုဝင်မှာခေါင်းကိုက်နေရသည်..

မိမိမှာတရားဝင်သမီးဆိုသော်လည်း...ငွေအမောင့်ကိုလိုသလောက်ဖြည့်ပေးနိုင်စွမ်းမရှိပေ..

Oh My Lovely Dasey!!Where stories live. Discover now