Chapter 1 Boys Night

339 37 8
                                    

Tin's Pov(Zawgyi +Unicode)

ဒီညကိုပျော်လိုက်ကြရအောင် ကောင်လေးတို့!
စည်းကမ်းတွေတော့သိတယ်မလား Kay? အိမ်ထဲက တစ်ယောက်ယောက်ပြောသံကို သူကြားလိုက်ရတယ်
အဲ့ဒီနောက် လက်ကျန်သူ့ဘီယာဆက်သောက်နေလိုက်တယ်....

ဒါကတော့ နယ်ကပြောင်းလာတဲ့သူ့သူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ Charles ဆိုပါတော့
သူ့အိမ်သစ်မှာသူငယ်ချင်းတွေကိုဖိတ်ရင်း ပါတီလုပ်နေကြတာပါ...

သူ့ဘေးမှာထိုင်နေတဲ့ Charlesအား

စကားမစပ် မင်းရဲ့ညီအငယ်ဆုံးလေး ဘယ်မှာလဲ?

သူ့အခန်းထဲမှာဖြစ်လောက်တယ် ဒါပေမဲ့ မနေ့က သူဒီကိုရောက်ကတည်းက နေသိပ်မကောင်းဘူး...

တလက်စတည်း ကျနော်သူ့ကိုတွေ့ချင်လာတယ် ဘာဖြစ်လို့လဲဆိုတော့ သူ့အကိုအပါအဝင် ကျနော်တို့ဟာ Uniတစ်ခုထဲ အတူတူတက်ရမှာမလို့..
ကျနော့မှာဒီသူငယ်ချင်းငါးယောက်ကလွဲရင် သိတဲ့သူမရှိဘူး
Uniမှာကျနော်က အေးတိအေးစက် မထီမဲ့မြင်နဲ့ဆိုးသွမ်းတဲ့သူလို့ နာမည်ကြီးတယ်လေ.....

မနက်ကျော်မှာတော့ တော်တော်လေးရေချိန်ကိုက်နေခဲ့ပါပြီ
မျက်နှာတစ်ခုလုံးနီရဲနေပြီး အတော်လေးမူးနေတဲ့Martinက

ငါတို့အိပ်ယာထဲသွားတာကောင်းမယ်ထင်တယ်!

အကုန်လုံးတညီတညာထဲခေါင်းညိတ်လိုက်ကြပေမဲ့ ကျနော်ကတော့ ဆီးအိမ်အပြည့်ဖြစ်နေတာကြောင့်

ငါအခုသန့်စင်ခန်းသွားလိုက်အုံးမယ်.ပြီးရင်အပေါ်တက်ခဲ့မယ်!
ဒါနဲ့ Charles ငါတို့ဘယ်အခန်းမှာနေရမှာလဲ?

ညာဘက်အစွန်ဆုံးအခန်း မင်းတို့အဆင်ပြေသလ်ုအိပ်လိုက်ကြကွာ!

Can's Pov

ကော်ရစ်ဒါဘက်မှာလဲကျတဲ့အသံကြားလိုက်ရတယ်
Charlesနဲ့သူ့သူငယ်ချင်းတွေဖြစ်မယ်ထင်တယ်
ကျနော်နေလို့မကောင်းတာနဲ့သူတို့သွားမjoinဖြစ်ဘူးရယ်

ခဏအကြာအခန်းတံခါးဖွင့်သံကြားလိုက်ပြီးအရိပ်တစ်ခုပေါ်လာတယ်
အိပ်ယာဆီတန်းတန်းမတ်မတ်လျှောက်လာပေမဲ့ အိပ်ယာပေါ်က ကျနော့်ကိုမြင်ပုံမရတာကြောင့် ခပ်မာမာလေသံနဲ့....

ရေခဲမင်းသားနှင့်သူ၏ပူတူတူးလေးWhere stories live. Discover now