(Zawgyi +Unicode)
Can's Pov
အားလက်ရက်ကတော့ ခပ်မြန်မြန်ပဲရောက်ရှိလာပါတယ်..
စနေနေ့ဆိုတော့အစောကြီး အိပ်ယာထနေစရာမလိုဘူး..
ကိုယ်လက်သန့်စင်ပြီးတာနဲ့အောက်ထပ်ဆင်းလာခဲ့တယ်..
ကြည့်ရတာ အကုန်စားပြီးကြပြီထင်တယ်..ပန်းကန်တစ်လုံးထဲ နှံစားပြောင်းနည်းနည်းနဲ့ကွတ်ကီးကိုထည့်ရင်း မနက်စာစားလိုက်တယ်..
အသံတစ်ခုကြားလိုက်သလိုပဲ..Ohh Ph လာနေတာပဲ!ခေါ်နေတဲ့သူRenzမို့ချက်ချင်းကောက်ကိုင်လိုက်တယ်..
Hello!ဒီနေ့အတွက် မင်းမှာဘာစီစဥ်ထားသေးလဲ?
တစ်ခြားလုပ်စရာတို့ ဘာတို့ကော ရှိလား?ဘာအစီအစဥ်မှမရှိဘူး..ငါအားနေတာ ဘာဖြစ်လို့လဲ?
ကောင်းတာပေါ့!ငါပြောပြနေကြအချစ်ပုံပြင်လေး မှတ်မိသေးလား..
အဲ့ဒါ ငါတို့ ဒီနေ့တွေ့ကြမှာ ငါနဲ့လိုက်ခဲ့ဖို့မင်းအားလား အရင်မေးကြည့်တာ..
သူက သူ့ညီဝမ်းကွဲတစ်ယောက်ခေါ်လာမယ်ပြောလို့ငါ့မှာခေါ်စရာကမင်းပဲရှိတာဆိုတော့......
မင်းအဆင်ပြေရင် လိုက်ခဲ့ပေးပါလား..ကောင်းပြီလေ!ငါလိုက်ခဲ့မယ်..
ငါလည်းမြို့ထဲကိုသေချာမရောက်ဖူးသေးဘူး..Yeah!ငါသိနေတယ် မင်းလိုက်မယ်ဆိုတာ!
ဒါဆိုCity Squareနားက ကော်ဖီဆိုင်မှာ နေ့လည်၂နာရီ တွေ့ကြမယ်!
ဒါမှမဟုတ် ငါမင်းကိုလာကြိုပေးရမလား?နေပါစေ ရတယ်!ငါ့အကိုကိုမြို့ထဲလိုက်ပို့ခိုင်းလိုက်မယ်
ငါ့အတွက်အဆင်ပြေပါတယ် ကျေးဇူး!
ပြောရင်း Phပါတစ်ခါထဲ ချလိုက်တယ်..နာရီကြည့်လိုက်တော့ ၁၀နါရီတောင်မထိုးသေးပါလား
၂နာရီဆိုတော့ အဝေးကြီးလိုသေးတာပဲမိနစ်နည်းနည်းလောက်ကြာတဲ့အခါ မီးဖိုချောင်ဆီဝင်လာတဲ့ Charles ကိုတွေ့လိုက်ရတယ်..
သူဝတ်ထားတဲ့ Jerseyတစ်ခုလုံး ချွေးတွေနဲ့နစ်နေတယ်..
ကွတ်ကီးတစ်ချို့ကိုကောက်ဝါးလိုက်ရင်း...မင်း စောစောစီးစီးလည်း မထဘူး..
ဒါပေါ့ ကျနော်က Pလိုအစောကြီးထပြီး လုပ်စရာမှမရှိတာ..
နေ့လည်ကျရင် ကျနော့်ကို City Squareလိုက်ပို့ပေးပါလား...