Chapter 9:Guilt

125 15 6
                                    

(Zawgyi +Unicode)

Coby's Pov

အခုက ကျနော်ပဲ သတိထားမိနေတာလား?
Tinနဲ့Canကတစ်ယောက်ကိုတစ်ယောက် ရှောင်ပြေးနေသလိုပဲ အရင်နေ့Cafeဆိုင်မှာထဲက Canလာတာကိုမြင်တာနဲ့ Tinထထွက်သွားတာ ပထမတော့ ကျနော်လည်း မတွေးမိဘူးပေါ့ နောက်ပိုင်းပိုပြီး ထူးဆန်းလာတာကိုခံစားရတယ်!

နောက်နေ့တွေလည်းအဲ့အတိုင်းပဲ သနားစရာ Canလေးကို Charles ညီဖြစ်နေပါစေ Tinက အပိုပစ္စည်းတစ်ခုလို ပြုမူနေတာတွေ့ရတယ် ဒါမဲ့အဲ့တာက အဆုံးမဟုတ်သေးဘူး နောက်ဆုံးတော့ Tinကိုစိန်ခေါ်ရဲတဲ့သူကိုရှာတွေ့ခဲ့ပြီ Tinမှာဘယ်လိုစရိုက်မျိုးရှိနေပါစေ ကျနော်မကြောက်ဘူး ဒါမဲ့သူလည်း Canမှာ Charles ရှိနေသေးတယ်ဆိုတာ တွေးမိနေမှာပါ!

Canကတစ်ခါမှ ဦးမညွှတ်ဘူး သူ့ကိုကြည့်ရတာ အတိုက်အခိုက်ကျွမ်းကျင်နေတဲ့သူလိုမျိုး ကျနော်ထင်ခဲ့တာက သူက အေးဆေးတည်ငြိမ်တဲ့ပုံစံမျိုးပေါ့ ဒါပေမဲ့ ကျနော်ယူဆချက်မှားသွားတယ် သူကချစ်စရာကောင်းတယ်ဆိုပေမဲ့ သူ့ကိုစလိုက်တာနဲ့ ထိန်းမနိုင်သိမ်းမနိုင် အရိုင်းအစိုင်းလေးလုံးလုံးဖြစ်သွားရော!

Canကိုကြည့်လိုက်စမ်းပါ ကြောက်စရာလေးဖြစ်နေပြီ Martinကမယုံကြည်နိုင်တဲ့လေသံနဲ့.....
ငါမှတ်မိသလောက် Tinကိုဘယ်သူမှ ဘယ်တုန်းကမှ တစ်ရက်ထက်ပိုပြီး ရန်မစွာရဲဘူး Tinရဲ့အခုလိုပုံစံကိုလည်း တစ်ရက်ထက်ပိုပြီး မမြင်ဖူးဘူး
အခုက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်
Nathan က ရုပ်ရှင်ကောင်းတစ်ပွဲကိုကြည့်နေရသလိုမျိုး လွှတ်ခနဲထပြောတယ်!

သူကငါ့ညီလေ ဘာတွေမျှော်လင့်နေတာလဲ?
မိမစစ်ဖမစစ် ​Charles က ဂုဏ်ယူသလိုထပြောတယ်

Tinကတော့ Weekend ရောက်တဲ့အထိ တိတ်ဆိတ်ဆွေးမြေ့နေဆဲ သူ့ကြည့်ရတာ မိန်းမတစ်ယောက်သွေးဆုံးခါနီး အေးစက်ခြောက်ခြားနေတဲ့ဟန်ပန်နဲ့ ငေးငေးငိုင်ငိုင် ဖြစ်နေရော အခုလိုပုံစံမျိုး အရင်ကတစ်ခါမှမမြင်ဖူးဘူး!

Weekend မှာတော့ အားကစားပြိုင်ပွဲတွေကြည့်ဖို့ Skate parkမှာဆုံမယ်လို့ ချိန်းလိုက်ကြတယ်
Charlesက group chatထဲ စာတွေဆက်ပို့တယ်
လမ်းမှာထွက်လာနေတဲ့အကြောင်း သူ့ညီကိုCity Squareနားအထိ သူငယ်ချင်း or သူလည်းသေချာမသိတဲ့ တစ်ယောက်နဲ့တွေ့ဖို့ လိုက်ပို့ပေးရအုံးမဲ့အကြောင်း.......

ရေခဲမင်းသားနှင့်သူ၏ပူတူတူးလေးWhere stories live. Discover now