Can's Pov(Zawgyi +Unicode)
Charlesနဲ့ကျနော်ကျောင်းအတူသွားရတယ်..အိမ်နဲ့ကျောင်းကအနီးလေးမို့ဘာမှစီးနေစရာမလိုဘူး!
ထိုစဥ် Charlesက...မင်းရဲ့ပထမဆုံးအတန်းကဘယ်အချိန်လဲ?
9AMကနေ1PMပာ အဲ့နောက်ပိုင်းကျနော်အားပြီ
ဘာဖြစ်လို့လဲ?
ကျောင်းပတ်ဝန်းကျင်လိုက်ပြမလို့ နေ့လည်စာလည်း အတူစားရင်းပေါ့..
ဟုတ်ကဲ့P!!!အိမ်ကနေလမ်းလျှောက်ရင်းတော်တော်လှမ်းလှမ်းကိုရောက်တဲ့အခါ ကားဟွန်းတီးသံနဲ့အတူကားရပ်သံကိုပါကြားလိုက်ရတယ်..
လျှောခနဲကျသွားတဲ့ကားမှန်တံခါးနောက်မှာရင်းနှီးတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရတယ်..
Charlesပြောတဲ့ကျနော်တို့နဲ့မလှမ်းမကမ်းနေတဲ့သူငယ်ချင်းဆိုတာ ဒီအရိုင်းအစိုင်း Tinပဲဖြစ်မယ်
ကံမကောင်းလိုက်တာ...Tin's Pov
ပထမဆုံးကျောင်းဖွင့်ရက်ဆိုပေမဲ့ကျနော့အတွက်သိပ်ပြီးစိတ်လှုပ်ရှားစရာရှိမနေဘူး..
ကားကိုစစ်ဆေးရင်းအားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ ကျောင်းကိုဦးတည်လိုက်ပါတယ်...
ကျနော်နေတဲ့Blkကနေ လမ်းမဘက်ရောက်တဲ့အခါ ေခြလျင်လျှောက်နေတဲ့Charlesနဲ့သူ့ညီလေးကိုတွေ့လိုက်ရတယ်..သူတို့ကြားအောင်ကားဟွန်းတစ်ချက်တီးကာ မှန်တံခါးကိုချလိုက်ရင်း ကားထဲဝင်ဖို့ လက်ဟန်ပြလိုက်စဥ် Charlesကသူ့ညီကိုပါတရွတ်တိုက်ဆွဲခေါ်ရင်း ဝင်ထိုင်တယ်..
မှန်ကတစ်ဆင့်သူ့ညီကိုကြည့်မိတော့ ခပ်ချဥ်ချဥ်မျက်နှာထားနဲ့ကျနော့်ကိုစူးစိုက်ကြည့်နေတာ တွေ့လိုက်ရတယ်...ဘယ်လိုတောင်ကျေးဇူးကန်းတဲ့ဟာလေးလဲ!
သူ့ကိုလည်းကားနဲ့တင်ခေါ်ရသေးတယ်..
ကျနော့်ကိုလည်းဒီလိုမျက်နှာထားနဲ့ကြည့်နေသေးတယ်...အဆင်ပြေရဲ့လား သူငယ်ချင်း? မင်းမနေ့က အစောကြီးပြန်သွားလို့လေ...
Charlesအမေးကိုအရေးမစိုက်ဟန်နဲ့ပုခုံးတချက်တွန့်ကာ တုံ့ပြန်လိုက်ပါတယ်...Can's Pov
ကားပါကင်မှာTinကားရပ်လိုက်တာနဲ့ကျနော်ချက်ချင်းပဲ ကားပေါ်ကဆင်းလိုက်ပါတယ်..
Charlesကိုစကားနည်းနည်းပြောနေတဲ့အချိန် ကျယ်ကျာ်လောင်လောင်အသံတွေကိုကြားလိုက်ရတယ်..
Tin!!! Charles!!!
အသံပိုင်ရှင်တွေကိုရှာနေတဲ့အချိန် မိန်းကလေးတစ်အုပ် သူတို့ရှိရာပြေးလာတာကို မယုံကြည်စွာတွေ့လိုက်ရတယ်..
အတော်နီးနီးရောက်တဲ့အခါ ကောင်မလေးတစ်ယောက်က.....
နေကောင်းလား Tin?
တို့ကိုသတိရသေးရဲ့လား?
Tinကအဲ့မိန်းကလေးကိုတစ်ချက်သာလှမ်းကြည့်ပြီးဘာမှမကြားလိုက်ရသလိုမျိုး ဘာစကားမှမဆိုဘူး..