Tin's Pov (Zawgyi +Unicode)
အနမ်းအကြောင်းစဥ်းစားလိုက်တာ ညက တမှေးမှမအိပ်လိုက်ရဘူး...
ကျနော်တကယ်ပဲ နမ်းခဲ့တာလား?
တကယ်ဘာကိုမှသတိမရတော့တာ...
ပျင်းရိပျင်းတွဲနဲ့ရေချိုးခန်းထဲဝင်ပြီးကျောင်းသွားဖို့ ပြင်ဆင်လိုက်တယ်..
အားလုံးအဆင်သင့်ဖြစ်တဲ့အခါ ကားကိုလမ်းမပေါ်မောင်းထွက်လာခဲ့တယ်...
မနေ့ကလိုပဲ Charlesနဲ့Canကို အိမ်နဲ့မလှမ်းမကမ်းမှာ တွေ့လိုက်ရပြီး အရင်လိုပဲကားပေါ် တင်ခေါ်လာခဲ့တယ်...အံ့သြဖို့ကောင်းလိုက်တာ....
Canကသူ့phကိုကြည့်ရင်းပြုံးလိုက်တာကို ကျနော်ကပါ လိုက်ပြုံးမိနေတယ်...
သက်ပြင်းတစ်ချက်ခိုးချရင်း ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်တယ်...ဒီအာကျယ်ကောင်က ဘယ်လိုဖြစ်လို့ သူ့စိတ်ထဲနေရာယူနေရတာလဲ?
သူ့ကိုအကြောက်အလန့်မရှိပြန်ပြောခဲ့တဲ့တစ်ယောက်ထဲသောသူ ဖြစ်နေလို့လား?
ဒါမှမဟုတ် သူကရဲတင်းနေလို့လား?
ဒါမှမဟုတ် သူ့အကိုအားကိုးရှိနေလို့လား?
အဲ့လိုပဲဖြစ်မှာပေါ့ မဟုတ်လို့ကတော့ ဒင်းကို ကောင်းကောင်းအနိုင်ကျင့်ပစ်တယ်..!!!ဒီနေ့ မင်းညီကိုကြည့်ရတာ အဆင်ပြေနေပုံပဲ!!!
ကျနော့အပြောကြောင့်Charlesက ချက်ချင်းခေါင်းထောင်ကြည့်တယ်..!!!
ဟုတ်တယ် သူ့မှာသူငယ်ချင်းရှိနေပြီထင်တယ်...ကျောင်းရောက်တော့ရပ်နေကြ ကားပါကင်မှာ Coby, Martinနဲ့Nathanတို့စောင့်နေတာကို တွေ့လိုက်ရတယ်....
ဟေး....သူငယ်ချင်းတို့ ဒီနေ့အတွက် မင်းတို့အဖို့ အံ့သြစရာတစ်ခုရှိတယ်!!!
ခန့်မှန်းကြည့်စမ်းကွာ..!!!
မင်းတို့သိလား!!! ငါတို့ရဲ့Tinက အခုဆို ရင့်ကျက်တဲ့လူကြီးတစ်ယောက်ဖြစ်သွားပြီ!!!
အစောတုန်းက ကားပေါ်မှာ Tinကငါ့ညီလေးကို စိတ်ဝင်တစားနဲ့ အဆင်ပြေနေပုံပေါ်တယ်တဲ့...တကယ်ကြီး Tinကအဲ့လိုပြောတယ်?!!
သေချာသွားအောင် ငါတို့အထိမ်းအမှတ်ပွဲလုပ်ကြမလား?
Nathanက မယုံကြည်နိုင်စွာ ဝင်ပြောတယ်..
ဒါပေါ့ လုပ်ကြမယ်လေ..Martinကပါဝင်ထောက်ခံပြန်တယ်....
Cobyကတော့ ရူးကြောင်ကြောင် ထအော်တယ်..
ငါတကယ်မထင်ထားဘူး....တစ်ယောက်ယောက်ကို မင်းအဲ့လိုဂရုစိုက်တတ်လိမ့်လို့...ဟားဟားဟား