Tin's Pov(Zawgyi +Unicode)
ပထမဆုံးအနမ်း?
သူဘာတွေပြောနေတာလဲ?
သူကနွားသိုးရိုင်းတစ်ကောင်လည်းမဟုတ်! ဘယ်လိုလုပ်ယောကျာ်းလေးတစ်ယောက်ကိုနမ်းရမှာလဲ!အဲ့ဒါကလည်း သူ့အခင်ဆုံးသူငယ်ချင်းရဲ့ညီလေးလေ...
ကျနော့ကိုဒေါသတကြီးအပြစ်တင် စွပ်စွဲပြောဆိုနေပေမဲ့ ညကအဖြစ်အပျက်ကို နည်းနည်းတောင်သတိမရတော့ ဘယ်လိုဖြေရှင်းရမလဲ တကယ်မသိတော့ဘူး...မင်းရူးနေတာလား?
ငါကဘာလို့မင်းကိုနမ်းရမှာလဲ?
ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါဦး..အံသြဖို့ကောင်းလိုက်တာ!
စိတ်ဆိုးမာန်ဆိုးနဲ့သူ့ကိုပြန်ပြောရင်းညကဘာမှမဖြစ်ခဲ့ဘူးဟု ကိုယ့်ကိုယ်ကို ပြန်ပြောကာ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ Charlesတို့အိမ်ကနေ ထွက်လာခဲ့တော့တယ်
ကျနော်သူ့ကိုနမ်းခဲ့တာ ဘယ်လိုမှအမှန်မဖြစ်နိုင်ဘူး!Charles Pov
မိုးသောက်အလင်းရောင်ရောက်တဲ့အခါ မနက်စာစားဖို့ သူငယ်ချင်းတွေရှိရာ အခန်းကို လျှောက်လာတော့ အိပ်နေလိုက်ကြတာများ မနက်ဖြန်ဆိုတာမရှိတော့တဲ့အတိုင်း....
ချက်ချင်းသတိထားမိတာကတော့ Tin ကရှိမနေဘူး..
သူညက အိမ်ပြန်သွားတာလား...
သူအပေါ်ကိုတက်လာမယ်ထင်ခဲ့တာ...
Tinကတော့ Tinပါပဲ!!
ဒါကသူ့အတွက် အဆန်းတော့မဟုတ်....
တစ်ကိုယ်တည်းရေရွတ်ရင်း ကျန်သူများကို မနက်နောက်မကျစေရန် နှိုးလိုက်ပါတော့တယ်....
သူငယ်ချင်းတွေကိုအောက်ထပ်လိုက်ပို့ရင်း Canရှိရာလာခဲ့တယ်...သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးချင်သေးတယ်လေ.....အခန်းတံခါးကိုခပ်ဖွဖွခေါက်လိုက်ရင်း....
Can နိုးနေပြီလား?ဟုတ်! ကျနော်နိုးနေပြီ!
Can's Pov
သူဘယ်လိုကောင်လဲ?
ညကကျနော့ခွင့်ပြုချက်မပါဘဲ နမ်းသွားသေးတယ်
ဒါကိုနားမလည်တဲ့ပုံစံနဲ့ပြန်ပြောသွားသေးတယ်...
အစောပိုင်း ကျနော်တို့ဘာတွေပြောခဲ့လဲဆိုနာ မမှတ်မိချင်လောက်တဲ့အထိ စိတ်ထဲ ခံရခက်နေတော့တယ်!မနက်စာကတော့အရမ်းကိုစားကောင်းခဲ့တယ်..
Charlesရဲ့သူငယ်ချင်းတွေနဲ့အတူပေါ့!
ဟိုလူကတော့ ရှိမနေပါဘူး...
ပထမ Cobyဆိုတဲ့တစ်ယောက်ကတော့ အဖွဲ့ထဲမှာ အဖော်ရွေဆုံးပဲ...
တသ်ယောက်ယောက်နဲ့ လွယ်လွယ်ကူကူရင်းနှီးလို့ရတဲ့ ပုံစံမျိုးပေါ့....
နောက်တစ်ယောက် Martinကတော့ အားကစားဘက်မှာတော်တဲ့ပုံမျိုး...
အဖွဲ့ထဲမှာခပ်တောင့်တောင်နဲ့ လူကောင်းတစ်ယောက်လို့မြင်မိတယ်!!!
Nathanကတော့ Playboyတစ်ယောက်ဆိုပါတော့
ဒါကလည်း သူတို့ပထမနှစ်က အဖြစ်အပျက်တွေကို ဖောက်သည်ချရင်းကတစ်ဆင့် သိရတာပါ!!!