*5*

45 6 2
                                    

"သား နောက်ကျနေပြီးကို ဘယ်ထွက်သွားတာလဲ မေမေ့ကိုလည်းပြောမသွားဘူးကော"

အိမ်ပြန်ရောက်ရောက်ချင်း မေမေက မကြိုက်သဘောဆောင်သော စစ်လားဆေးလားစကားလုံးများနှင့်စောင့်ကြိုနေလေရဲ့

"Chanနဲ့သွားတွေ့တာပါမေမေ လမ်းထိပ်တင်ပါ"

"မေမေ့ကိုတောင်ပြောမပြနိုင်လောက်အောင်ဘာတွေကအရေးကြီးနေတာလဲ Sehun စာလုပ်ချိန်ကိုအဲ့လိုတွေအလေ လိုက်နေတာမေမေမကြိုက်ဘူးနော်"

လာပြီးဒါတွေဘဲ အမြဲ ကြားနေရတဲ့စကားတွေ မိုးချုပ်ကြီးမှပြန်လာတဲ့သားကိုစိတ်ပူနေတဲ့သဘောမျိုးမဟုတ်ဘဲ မေမေ့ပုံစံခွက်ပျက်ယွင်းသွားမည်ကိုစိုးရိမ်နေမှုတခုဘဲရှိတယ်

"Hunကဘာလုပ်နေလို့လဲမေမေရဲ့ chanနဲ့တွေ့တာဘဲလေ အလေ လိုက်တယ်ပြောရအောင်လည်းchanကမေမေ့တူပါ"

"တူတွေဘာတွေမသိချင်ဘူး sehun ငါ့အမကလေသူ့ဘာသာသူ့ရွေးချယ်မှုကြောင့်ဘာမဟုတ်တဲ့လူနောက်ကိုလိုက်သွားပြီး အိမ်ကအဆက်ဖြတ်တောင်ဖျက်ခဲ့ပြီးမှ အဲ့ကလေးကကောသူမနဲ့တူမနေဘူးလို့မပြောနိုင်ဘူး သူ့ကြောင့်မေမေ့ကလေးရဲ့ရည်ရွယ်ချက်တွေကိုမလွှဲစေချင်ဘူးကလေး"

အား မွန်းကြပ်လိုက်တာ

"ဒါပေမယ့် တီတီကတော့ အရမ်းပျော်ရွှင်နေပုံပေါက်ပြီး ချန်းကလဲ ကိုယ့်ကိုယ်ကိုထိန်းကျောင်းနေနိုင်တဲ့လူတဦးပါမေမေ
မေမေသိရဲ့လား ဖေဖေသာအနားမရှိရင် ကျတော်ရူး သွားမလားဘဲ နားလိုက်ပါဦးမယ်"

"Sehun ဘာစကားတွေပြောသွားတာလဲ ပြန်လာစမ်း"

ဒီနေ့မှစကားတွေအများကြီးပြောသွားတဲ့သားက သူမကိုကလန်ချင်နေသယောင်ယောင် ဒါကဖေကြီးနဲ့chanကြောင့်ဆိုရင်တောင် တခုခုလုပ်ပစ်လိုက်ဖို့သူမဝန်လေးမှာမဟုတ်ဘူး

.............

တီ

ဝင်လာတဲ့messageကြောင့် Chanyeolဖုန်းထုတ်ကာကြည့်မိတော့ Sehunဒီနေ့ကျောင်းမလာပါတဲ့

"နေများမကောင်းလို့လား အာ သွားတွေ့ရင်ကောင်းမလား
ဟင်း ဦးမရှိတဲ့အချိန်နဲ့တိုးနေရင် ငါ့ကိုတီလေးကမောင်းထုတ်ရင်ဘလိုလုပ်အလဲမသိ မသွားတာဘဲကောင်းပါတယ်"

Apple of my eye ( Zawgyi+Unicode)Where stories live. Discover now