" Latte တခွက် "
"ဧည့်သည်မှာထားတာရပါပြီးခင်ဗျ"
အင်းကျတော်Wu Yifan ရဲ့များပြားလှစွာသောအချိန်ပိုင်းအလုပ်တွေထဲတခုပေါ့ ဒီ Heaven cafe မှာလုပ်ရတာက
မေမေမရှိတော့တဲ့အချိန် ကျတော်အလဲလဲအပြိုပြိုဖြစ်နေတဲ့အချိန်မှာ ငယ်ငယ်ကတည်းက မေမေတူတူ ပုံမှန်သွားဖြစ်ခဲ့သော မိဘမဲ့ဂေဟာမှ ရင်းနှီးကျွမ်းဝင်ခဲ့ရသော Jonginရှိနေ၍သာတောင့်ခံနိုင်ခြင်းဖြစ်သည်။
သူ့အခန်းလေးနောက်လကျသက်တမ်းကုန်ရင်တော့ကျတော်နဲ့တူတူနေဖြစ်တော့မည်။ ကျတော့်အတွက်ပိုအဆင်ပြေတယ်ပြောရမလားဘဲ
" Jongin ပြန်တော့လေ အကိုဘဲဆက်ကြည့်ထားလိုက်မယ်"
"ဟုတ်အကိုJay"
အလုပ်တူတူဝင်လုပ်တဲ့ ကျတော့်အကြောင်းသိနေသောအကိုJayက ဂရုဏာသက်နေတဲ့ပုံပင် ...မလိုချင်ပါဘူး ကျတော်ကဘာဖြစ်နေတာမှတ်လို့ ကောင်းကောင်းရပ်တည်နေနိုင်ပါတယ် အမေ့ယောကျာ်းဆိုတဲ့အဖေမရှိလည်း
..ကျွီ..
ဆိုင်ကအထွက် အရှေ့သို့ကျွီကနဲရောက်လားတဲ့ကားနက်တစီး
"Wu Yifan ပြောစရာရှိတယ် ကားပေါ်တက်"
"အာ Mr.Wu ကျတော်ကတော့ပြောစရာမရှိပါဘူး"
"တောက်မင်းကိုယ့်အဖေကိုဘလိုပြောနေတာလဲ"
"ဟက် အဖေ ကျတော့မှအဖေဆိုတာဘယ်တုန်းကရှိခဲ့လို့လဲ"
"အေး မင်းငါနဲ့အေးအေးဆေးဆေးစကားပြောဖို့ငြင်းမယ်ဆိုဒုက္ခအရင်ရောက်မှာ မင်းမဟုတ်ဘဲ မင်းသူငယ်ချင်းဆိုတာ မှတ်ထား တက်ခဲ့"
"ဒုန်း"
တခါးကိုဆောင့်ပိတ်ခြင်းအပြီး ဘယ်ဆီကိုသွားလို့သွားနေမှန်းမသိတဲ့ကားတစီးအပေါ် အသက်မဲ့စွာ ပါလာခဲ့သည် ။ ကျတော်မပတ်သက်ချင်ပါဘူး သူ့နဲ့ ကျတော့တွယ်တာရာတွေကို ကျတော့်အားနည်းချက်ဖြစ်စေတဲ့သူကကျတော့်အဖေတဲ့
"အိမ်ပြန်လာခဲ့"
ပြတ်သားစွာစတင်ထွက်ပေါ်လာသော Mr.Wu၏အသံ
"မပြန်လာနိုင်ပါဘူး ပြန်လာလည်းအဲ့မိန်းမနဲ့အဆင်ပြေမှာမဟုတ်ဘူး
ကျတော့ကိုထောက်ပံ့စရာမလိုပါဘူး အပြင်မှာအေးအေးချမ်းချမ်းနဲ့ရှိနေပါတယ် စိတ်ပူမှာမဟုတ်ဘူးဆိုပေမယ့် သိအောင်ပါ။