မနက်နိုးနိုးချင်း ဝင်လာသောဖုန်းကောလ်ကတဦးတည်းကျန်ရှိသော သွေးသားရင်းချာဦးလေး
ဦးလေးတယောက်လုံးရှိနေရက်သားနဲ့ဘာကြောင့်မိဘမဲ့ဂေဟာရောက်ခဲ့ရမှန်း jonginမစဉ်းစားတတ် မလိုချင်၍ပစ်သွားသည်ဆိုလည်း မည်သူမည်ဝါဖြစ်ကြောင်းစာတစောင်နဲ့ထားခဲ့ခြင်းကြောင့် ဒါဟာသိပ်ရှုပ်ထွေးနေမယ်မှန်းသိသည်
ဒီနေ့ခေါ်တွေ့ရသည့်အကြောင်းရင်းမှာမည်သည်ဖြစ်မည်ကိုမသိသော်လည်း အထူးတလည်မစဉ်းစားမိ သိလည်းမသိချင်ပါ တယောက်တည်းရပ်တည်နေနိုင်ပြီးမို့ ဦးလေးကိုမလိုအပ်တော့ဟုတွေးထားပေမယ့် hunကြောင့်လိုအပ်မည်ထင်သည် အထူးသဖြင့်hun၏အမေကြောင့် ကိုယ်ကဘာမှမရှိလည်းဖြစ်ပေမယ့် hunကိုတော့ပြည့်ပြည့်စုံစုံထားချင်မိသည်မှာကိုယ့်အတ္တ ပိုင်ရခြင်းမရခြင်းမသေချာသေးခင်မှာပင် ကိုယ်ကတော့အနာဂတ်အစီအစဉ်နှင့်တကွ စနစ်တကျကိုအရူးရင့်နေပြီးဖြစ်သည်
"Mr.kimနဲ့ချိန်းထားလို့"
"ဟုတ်ကဲ့ဒီဘက်ကြွပါရှင်"
ချိန်းထားသောဆိုင်သောရောက်တော့ ဧည့်ကြိုကောင်မလေးမှတဆင့် အင်း ဦးလေးKimဆီရောက်ခဲ့သည်
"ရောက်ပြီးလား jongin လာ ထိုင်"
အခန်းထဲဝင်ဝင်ချင်း မိမိအားစကားစပြောသည်က Mr.Wu
"ဟုတ်ကဲ့ Mr.Wu"
"ဦးလေးလို့ခေါ်လည်းရပါတယ်ကွာ
Kimမင်းပြောဦးလေ"
"ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပေးတာကိုကျေးဇူးတင်ပါတယ် nini"
ဘေးကyifanအဖေအပြောကြောင့် စတင်စကားစလာသူက မိမိနှင့်မရင်းနှီးသောအခေါ်အဝေါ်နှင့်မိမိအားဆီးကြိုသည်
"တဆိတ်လောက် ကျတော်ကniniမဟုတ်ပါဘူး ဦးလေး"
"မင်းအမေပထမဆုံးမင်းကိုခေါ်ခဲ့တဲ့နာမည်ပါ nini အကယ်၍မကြိုက်ရင်လေးလေးမခေါ်ပါဘူး"
တဆိတ် ဘာကြောင့်များရင်ထဲသိမ့်ကနဲဖြစ်သွားရတာလဲ
"ဒါဆိုလဲ အဲ့နာမည်ကိုကျတော့ကိုပေးလိုက်ဘာ jonginလို့ဘဲခေါ်ပေးပါ"