အခန်း(၁၉)

2.6K 489 11
                                    

[Zawgyi]

နောက်တစ်ရက်မှာလည်း လော့ရှန်း ထျန်းရွှီဆီသွားသည်။ သူရောက်လာချိန်မှာ ထျန်းရွှီက မီးဖိုချောင်တွင်အလုပ်ရှုပ်နေလေ၏။ လော့ရှန်း မျက်ခုံးပင့်လိုက်မိသည်။ ဟင်းမချက်တတ်ဘူးဆိုပြီး ဘာလို့မီးဖိုချောင်ဝင်နေတာလဲ။ သူရပ်ကြည့်နေသည်ကိုမြင်တော့ ထျန်းရွှီက ပြုံးရယ်ကာပြောလာပါ၏။

"ခင်ဗျားရောက်လာတာနဲ့အတော်ပဲ။ ခဏလေးစောင့်၊ ဒီဟင်းတစ်ခွက်ကျက်ရင် ရပြီ။"

ဘာကိုဆိုလိုမှန်း မသိသော်လည်း လော့ရှန်း သူပြောသည့်အတိုင်းသာစောင့်ပေးလိုက်ရင်း အလုပ်ရှုပ်နေသောထျန်းရွှီကို ကြည့်နေမိသည်။ ခဏအကြာတွင်တော့ ထျန်းရွှီချက်နေသည်မှာ ပြီးသွားချေပြီ။ ထျန်းရွှီက သူထိုင်နေသော စားပွဲဆီ ဟင်းပွဲများလာချ၏။ အမြင်နှင့်ပင် စားချင်စရာကောင်းမနေ။ အရွက်ကြော်ဆိုလျှင် ကျက်ကောကျက်ရဲ့လားမသိ။ စိမ်းရွှေရွှေအနံ့အပြင် အရောင်ကလည်း စိမ်းဖန့်ဖန့်သာ။ ကျန်ဟင်းများမှာလည်း ထူးမခြားနား။ တစ်ချို့ဟင်းကျတော့ အကျက်လွန်ကာ တူးခြစ်နေ၏။

နောက်ဆုံးတွင်မူ ထျန်းရွှီက ထမင်းနှစ်ပန်းကန်သယ်လာကာ သူ့ရှေ့တစ်တစ်ပန်းကန်ချပေးသည်။ မညှာမတာဝေဖန်ရေးဆင်းတော့မည့်လော့ရှန်း၏ပါးစပ်ဖျားရောက်နေသည့်စကားများသည် မီးခိုးများနှင့်အိုးမည်များပေကာ စုတ်ပြတ်နေသောထျန်းရွှီ၏မျက်နှာကိုမြင်သည်၌ ချက်ချင်းပင်ပျက်ပြယ်သွားတော့သည်။

"ကျွန်တော် ပထမဆုံးဟင်းချက်ဖူးတာ။ ခင်ဗျားက ကျွန်တော့်လက်ရာကို စားဖူးတဲ့ပထမဆုံးလူပဲ။ စားကြည့်ပြီး ဘယ်လိုနေလဲပြောပြ။"

အမှန်က လော့ရှန်းစားလာခဲ့ပြီးပြီ။ သို့သော် မျှော်လင့်ချက်တို့ဖြင့် တလက်လက်တောက်ပနေသော သည်ကောင်လေး၏မျက်ဝန်းများကိုမြင်တော့ သူမငြင်းနိုင်တော့ဘဲ တူကိုကောက်ကိုင်၏။ လော့ရှန်း တွေ့ရာဟင်းခွက်ထဲမှ ဟင်းတစ်ဖက်ကို တူနှင့်ညှပ်ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ငံလိုက်သည့်ဖြစ်ခြင်း။ မျက်နှာမဲ့မသွားအောင် လော့ရှန်းအတော်ထိန်းလိုက်ရသည်။ ခက်ခက်ခဲခဲမြိုချနေရသည့်သူ့ကိုကြည့်ကာ ထျန်းရွှီက မျက်နှာငယ်လေးဖြင့်မေးလာသည်။

Who Dare Touch My Disciple!?[Completed]Where stories live. Discover now