အခန်း(၂၇)

2.5K 470 10
                                    

[Zawgyi]

"အစ်ကိုကြီး! ဒီကိုလာကြည့်ပါဦး။"

ချန်ဟူက လန်ယွီ့ကိုလှမ်းခေါ်သည်။ သူ့အသံကြားရာဆီ လန်ယွီရောက်သွားတော့ အလောင်းနှစ်လောင်းဘေးတွင် ဒူးတစ်ဖက်ထောက်ကာထိုင်နေသော ချန်ဟူ့ကိုတွေ့လိုက်ရ၏။

သူက ထိုသူများ၏လည်ပင်းကို တစ်ချက်လှန်ကြည့်ကာ ပြောလာသည်။

"အသတ်ခံရတာ သိပ်မကြာသေးဘူး။"

"သူတို့ ဟိုဘက်ကိုသွားတယ်။"

လန်ယွီက မြေပြင်အနီးတစ်ဝိုက်ကိုစူးစမ်းကာ ပြောလိုက်၏။ ထို့နောက် နှစ်ယောက်သား မတိုင်ပင်ပါဘဲပြေးထွက်လာမိကြသည်။
...

"သွားတော့။"

လော့မုဖုန်း၏အသံထွက်လာသည်။ မြေပြင်တွင်ပြားပြားဝပ်နေသောလူနှစ်ယောက်မှာ လော့မုဖုန်းအား အကြိမ်ကြိမ်ဦးတိုက်ပြီး ပြေးထွက်သွားကြ၏။ သို့သော် ခြေလှမ်းနှစ်ဆယ်ခန့်ပြေးသွားကြပြီးနောက်တွင် လော့မုဖုန်းလက်ထဲမှယပ်တောင်က သူတို့နောက်ကို ဝဲပျံကာလိုက်သွားပြီး သူတို့၏လည်ပင်းသွေးကြောများကို ဖြတ်ချပစ်လိုက်တော့၏။ ထိုသူနှစ်ဦးမှာ အော်ချိန်ပင်မရလိုက်ဘဲ မြေပြင်ပေါ်သို့ တအိအိလဲပြိုသွားကြသည်။

တစ်ပြိုင်တည်းမှာပင် ချန်ဟူနှင့်လန်ယွီတို့လည်း ထိုနေရာကိုရောက်လာခဲ့ကြသည်။ သူတို့မြင်လိုက်ရသည်က ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ကို ပွေ့ချီထားသော အရှင်လော့နှင့် တအိအိလဲပြိုကျသွားသော လူနှစ်ယောက်ကို။ လော့မုဖုန်း သူ့ဆီပြန်လည်ရောက်ရှိလာသော ယပ်တောင်ကို အလိုက်သင့်ပင်ဆီးဖမ်းလိုက်သည်။ ရင်ခွင်ထဲမှကလေးငယ်အား မြေပြင်ပေါ်ပြန်ချပေးလိုက်ချိန်တွင် ရင်ဘတ်မှစူးအောင့်လာ၏။ သို့သော် ဟန်မပျက်ပင်နေကာ ထိုကလေးကိုမေးလိုက်သည်။

"ဘာဖြစ်သွားသေးလဲ?"

ချူ မင်ထျန်း ခေါင်းယမ်းပြကာ နတ်ဘုရားကိုကို၏ဝတ်ရုံစကို ဆွဲကိုင်ထားလိုက်သည်။ နတ်ဘုရားကိုကို ခင်ဗျား သွားလို့မရဘူး။ သွားမယ်ဆိုရင် ကျွန်တော့်ကိုပါခေါ်သွား။ တစ်ခါအသက်ကယ်ဖူးတာနဲ့ အဲ့လူကို ကိုယ့်ဘဝနဲ့ရင်းပြီးပြန်ပေးဆပ်ရမယ်တဲ့။ နတ်ဘုရားကိုကို,ကိုကြည့်ရတာ အရမ်းအထီးကျန်နေတဲ့ပုံပဲ။ အခုကစပြီး ကျွန်တော် ချူ မင်ထျန်းက နတ်ဘုရားကိုကို,ကို အဖော်ပြုပေးမယ်လေ။ နတ်ဘုရားကိုကို အထီးမကျန်စေရပါဘူး။ ကျွန်တော် အရွယ်ရောက်လာရင်တော့ နန်ဘုရားကိုကို,ကို လက်ထပ်ပြီးပြန်ပေးဆပ်ပါ့မယ်။

Who Dare Touch My Disciple!?[Completed]Donde viven las historias. Descúbrelo ahora