အခန်း(၂)

5.3K 742 3
                                    

[Zawgyi]

"မင်းရဲ့ညစ်ပတ်တဲ့လက်က ငါ့ဝတ်ရုံကိုထိဖို့ တန်လို့လား?"

ဖီးနစ်မျက်ဝန်းကဲ့သို့စူးရဲတောက်ပနေသည့်မျက်ဝန်းကို မှေးစင်းကာခပ်အေးပြောလာသည့် လော့မုဖုန်း။ မောက်မာခန့်ညားသည့်ဟန်ပန်ကအထင်းသား။

"လော့မုဖုန်း...ခင်..ခင်ဗျား! ကျုပ်ဘယ်သူလဲဆိုတာရောသိလား!? ကျုပ်က ဖန်းမျိုးနွယ်စုခေါင်းဆောင်ရဲ့သား ဖန်းမို့ထင်! အဖေက ခင်ဗျားကိုသေချာပေါက်ခွင့်လွှတ်မှာမဟုတ်ဘူး! ဒါပေမယ့် ခင်ဗျားသာကျုပ်အသက်ကိုကယ်ရင် ပြတ်သွားတဲ့လက်တစ်ဖက်အတွက် လက်တစ်ဖက်ပဲအစားပြန်ယူဖို့ အဖေ့ကိုပြောပေးမယ်။"

ဖန်းမို့ထင် နာကျင်မှုကိုအံကြိတ်ခံရင်းပြောလိုက်သည်။ မည်သို့ပင်ဆိုစေ...သူ့အဖေသည်လည်း လူအများလေးစားရကာ အာဏာရှိသောလူတစ်ယောက်ပင်။ လော့မုဖုန်းအနေဖြင့် မည်မျှပင်အစွမ်းထက်နေပါစေ မျိုးနွယ်စုလေးခု၏ထောက်ခံမှုမရှိပါလျှင် ရှင်းဝူကျောင်းတော်အကြီးအကဲရာထူးတွင် ဆက်လက်တည်မြဲနေနိုင်မည်မဟုတ်။

ထို့ကြောင့် အကြီးအကဲများသည်ပင် မျိုးနွဟ်စုခေါင်းဆောင်များ စိတ်မကွက်စေရန် မျက်နှာလုပ်ရသည်သာ။ ဖန်းမို့ထင် ထိုအချက်ကိုနင်းကာ ခြိမ်းခြောက်လိုက်ခြင်းဖြစ်၏။ သို့သော် သူမသိသည်ကား လော့မုဖုန်းသည် သူကိုယ်တိုင်ကလွဲ၍ မည်သူစိတ်ကျေနပ်စေရန်မှမလုပ်တတ်သလို တစ်စုံတစ်ယောက်အား အောက်ကျို့မည့်သူမဟုတ်ဆိုတာပင်။

ဖန်းမို့ထင်၏စကားများကိုကြားလိုက်ရသော အဖွဲ့ခေါင်းဆောင်ဖြစ်သူသည် ဟန့်တားချင်သော်လည်း အရှင်လော့ရှေ့တွင် တစ်စုံတစ်ရာမပြောရဲသဖြင့် ဆိတ်ဆိတ်သာနေလိုက်၏။ သူတို့အားလုံးလော့မုဖုန်းမည်ကဲ့သို့သောလူဖြစ်သည်ကိုသိကြသော်လည်း ဖန်းမို့ထင်ကတော့သိသည့်တိုင်ဂရုစိုက်မည်မဟုတ်ပါ။ သူထင်သည်က အရာအားလုံးသည်ဟန်ပြဟူ၍သာ။

ဖန်းမျိုးနွယ်စုသခင်လေးဟူသည့်ဂုဏ်ပုဒ်ကိုထုတ်ဖော်ပြောကြားလိုက်သည်နှင့် ရှင်းဝူကျောင်းတော်၏ကျောင်းအုပ်ဖြစ်သူ ကောရှောက်ထျန်းသည်ပင် ကောင်းကောင်းမွန်မွန်ဆက်ဆံရသည်ဖြစ်ရာ ကျောင်းအုပ်ထက်တစ်ဆင့်နိမ့်သော အကြီးအကဲလေးကို သူကဘာကြောင့်ကြောက်နေရမည်နည်း။ ထိုသို့တွေးလိုက်သည်နှင့် စောစောကကြောက်လန့်နေသောစိတ်များ ဖန်းမို့ထင်ထံတွက် စိုးစဉ်းမျှမရှိပါလေတော့။

Who Dare Touch My Disciple!?[Completed]Donde viven las historias. Descúbrelo ahora