အခန်း(၃၆)

2.1K 387 26
                                    

[Zawgyi]

လော့ရှန်း ချူ မင်ထျန်းကိုထိုင်ကြည့်နေရင်း မနေနိုင်စွာဖြင့် နဖူးပေါ်ဝဲကျနေသည့်ဆံစများကို လေဖြင့်မှုတ်လိုက်မိ၏။ ထို့ကြောင့်ပင်လောမဆိုတတ် ချူ မင်ထျန်း၏မျက်ခွံများက တဖြည်းဖြည်းလှုပ်ခတ်လာကာ မျက်ဝန်းများပွင့်ဟလာ၏။

"လော့ရှန်းကိုကို။"

နှုတ်မှအလိုအလျောက်ထွက်သွားသည့်ခေါ်သံကြောင့် ချူ မင်ထျန်းကြောင်အသွားရသည်။ လော့ရှန်းကမူ သည်ခေါ်သံကိုကြားသည့်ခဏ၌ အားပါးတရပြုံးကာ သူ့ရှေ့မှလူသားလေးကို တင်းကြပ်စွာပွေ့ဖက်လိုက်၏။

"လွမ်းနေခဲ့တာ...ကိုကို မင်းကိုအရမ်းလွမ်းနေခဲ့တာ။"

"အာ...ခဏလေး။ ခင်ဗျားက ရှစ်ဇွင်းနဲ့ဘာတော်တာလဲ? အမွှာညီအစ်ကိုတွေလား?"

"ကိုကိုနဲ့သူက ဘာအမွှာညီအစ်ကိုမှမဟုတ်ဘူး။"

ပြန်ဖြေလိုက်သော လော့ရှန်း၏လေသံက အနည်းငယ်မာဆတ်ဆတ်။ သည်စကားက အမှန်မဟုတ်နိုင်မှန်းသိသော်ငြား ချူ မင်ထျန်း ဘာစကားမှထပ်မဆိုမိ။ ရှစ်ဇွင်းနဲ့လော့ရှန်းဟူသည့်အစ်ကိုကြီးကြားမှာ ပတ်သက်မှုတစ်ခုခုတော့ရှိရမည်ပင်။ မဟုတ်ပါက ထိုမျှလောက်ခွဲမရအောင်တူနေမည်မဟုတ်ပေ။

"လွှတ်ပါဦးဗျ။ အသက်ရှူ ကြပ်တယ်။"

သူ့စကားကိုကြားတော့မှ လော့ရှန်းက တင်းကြပ်စွာပွေ့ဖက်ထားခြင်းမှလွှတ်ပေးသည်။

"လာ...ကိုကို မင်းကိုပြစရာရှိတယ်။"

လော့ရှန်းက ချူ မင်ထျန်းကိုဆွဲခေါ်ကာ အပြင်သို့ထွက်၏။ အပြင်မှမြင်ကွင်းတို့က လော့မုဖုန်း၏နေရာနှင့်သိပ်မကွာသော်ငြား မိုးမခင်ပေါင်းများစွာရှိမနေ။ ထိုအစား မိုးမခင်ပင်ကြီးတစ်ပင်တည်းကသာ ခြံတံခါးဝနား၌ထီးတည်းတည်ရှိ၏။

"ဒီနေရာက ကိုကိုတို့စတွေ့တဲ့နေရာ။"

လော့ရှန်းက ချူ မင်ထျန်းကို ခြံဝန်းနောက်ဘက်ဆွဲခေါ်သွားရင်း လော့ဟွား၏မြေပုံအနီးကိုညွှန်ပြသည်။

"ကျွန်တော်တို့ အရင်ကတွေ့ဖူးတယ်ပေါ့။"

ချူ မင်ထျန်း ဇဝေဇဝါဖြင့်မေးမိသည်။

Who Dare Touch My Disciple!?[Completed]Where stories live. Discover now