အခန်း(၃၂)

2.1K 399 16
                                    

[Zawgyi]

ခဏအကြာ၌ ကျောင်းအုပ်ကြီးချန်းကောဦးဆောင်သော ဆရာများ၊ အကြီးအကဲများရောက်လာကြသည်။ အကြီးအကဲများအတွက် ထိုင်ခုံလေးနေရာရှိသည့်အနက် တစ်နေရာသည်တော့ လစ်လပ်နေဆဲ။

ချန်းကောက ခန်းမထဲမှကျောင်းသားများအားလုံးကိုခြုံကြည့်ကာ စကားပြောရန်ထရပ်သည်။

"ဒီနေ့က ဝင်ခွင့်စစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့ကျောင်းတော်သားအသစ်တွေကို ကြိုဆိုဂုဏ်ပြုတဲ့နေ့ဖြစ်တယ်။ ခက်ခဲလွန်းတဲ့စစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့မင်းတို့တွေရဲ့အရည်အချင်းက အများတကာထက်သာလွန်ပါတယ်။ မင်းတို့ကိုသင်ကြားပေးခဲ့တဲ့ဆရာတွေကလည်း မင်းတို့အတွက်ဂုဏ်ယူနေမှာ အမှန်ပဲ။

ရှင်းဝူကျောင်းတော်သားဖြစ်လာခြင်းက မင်းတို့ရဲ့ပန်းတိုင်အဆုံးသတ်မဟုတ်ဘူးဆိုတာ သတိရပါ။ ရှင်းဝူကျောင်းတော်ရဲ့နာမည်ကိုအသုံးပြု ပြီး ပြင်ပမှာရိုင်းစိုင်းရမ်းကားတာမျိုးမလုပ်ဖို့ သတိချပ်ပါ။ ကြိုးစားမှုတွေ မလျော့လိုက်နဲ့။ ရှင်းဝူကျောင်းတော်ရဲ့ အမျိုးမျိုးသောစစ်ဆေးမှုတွေနဲ့ အဆင့်သတ်မှတ်ချက်တွေက မင်းတို့ကိုစောင့်ကြိုနေတယ်။"

ချန်းကောက သူ၏စကားကိုအဆုံးသတ်ကာ ပြန်ထိုင်လိုက်၏။ ထို့နောက်တွင်မူ ဆရာတပည့်ရွေးချယ်ခြင်းစတင်သည်။

"အစ်ကိုကြီး၊ ဟိုမှာထိုင်နေတဲ့အကြီးအကဲက အကြီးအကဲရှန်နေရာကို အစားထိုးလိုက်တဲ့ ကျီရှုမလား?"

ချန်ဟူက ထုံးစံအတိုင်း လန်ယွီ့ကို ပခုံးဖြင့်တိုက်ကာမေး၏။ လန်ယွီက ချန်ဟူ့မျက်လုံးအကြည့်အတိုင်းလိုက်ကြည့်ကာ ဖြေသည်။

"ဟုတ်တယ်။ အကြီးအကဲကျီလို့ခေါ်စမ်းပါ။ မရိုမသေနဲ့။"

"ကျွန်တော်တို့ သူ့ကိုဆရာတင်ရင်ကောင်းမလား?"

"သဘောလေ။ သွား။"

"အစ်ကိုကြီးလည်း လိုက်ခဲ့မှပေါ့ဗျ။"

ဤသို့ဖြင့် ချန်ဟူနှင့်လန်ယွီတို့နှစ်ယောက်မှာ အကြီးအကဲကျီရှု၏ရှေ့သို့ရောက်သွားကြ၏။

"ကျွန်တော်တို့ကို တပည့်အဖြစ်လက်ခဲပေးပါ အကြီးအကဲ။"

ကျီရှု သူ့ရှေ့မှလူရွယ်နှစ်ယောက်ကို ကြည့်လိုက်သည်။ သည်ကောင်လေးနှစ်ယောက်ကို သူမှတ်မိ၏။ နန်ကျင်းစင်မြင့်ကိုစတုတ္ထမြောက်အထပ်ထိစိန်ခေါ်အောင်မြင်ခဲ့ကြသူနှစ်ယောက်ပင်။ အများဆုံးမှ ပဉ္စမထပ်လောက်သာအောင်မြင်နိုင်ကြသည်ဖြစ်ရာ သည်ကောင်လေးနှစ်ယောက်မှာ အတော်လေးထူးချွန်သည့်သူများဟုမှတ်ယူနိုင်၏။

Who Dare Touch My Disciple!?[Completed]Where stories live. Discover now