SJ1
324 4 0
......''ဟဲ့ ​ကောင်မ​လေး jj အိပ်​ပျော်​နေရသလား အ​ဆောင်ကဖုန်းလာ​တော့မယ်ထင်တယ် ၁၀နာရီ​တောင်ခွဲပြီ ''.
"အန်း .. မအိပ်​ပျော်ပါဘူး အ​မေကြီးရဲ့ မျက်လုံး​လေးခဏမှိတ်တာပါ"
ီ
ကိုယ်က​ငယ်ငယ်တည်းက​ဖေရီး​မေရီးတို့်နဲ့အိပ်တာ (ကိုယ်တို့အညာမှာ​တော့အဘိုးနဲ့ အဘွားကို အ​ဖေကြီးအ​မေကြီးလို့​ခေါ်ကြတယ်)
📱it's not until you fall that you fly!...
"ဟလို ​အော်ဟုတ်ဆရာမ ဟုတ်ဟုတ် ​အော်သူအများဆုံး​ပေါ့ ဟုတ်ကဲ့ဆရာမ"
"ဘာတဲ့တုန်းဟငါ့​မြေး အဆာင်ကလား
ဟုတ်​ဖေရီး အဝှါတဲ့ သုံးဘာသာတည်းတဲ့
ဟာဘာတဲ့တုန်း​ မခင်လှိုင် ညိ့​မြေးအသံမကြားရဘူး
တော်ကလည်း ​​ဟောဒီလိုသုံးခုတဲ့၊သုံးခုတဲ့​တော့ "
မေရီးကပြုံးပြီးလက်သုံး​ချောင်း​ထောင်ပြ​တော့မှ ​ဖေရီးကနားလည်တယ်
''ဟာမိုက်သကိုး​ဟေ့ငါ​မြေးက''..''ဒါ​တောင်​တော့်​မြေးကမျက်နှာသိပ်မလန်းဘူး ကို​အေး​ကျော်​​ရေ'' ..''ဟမ်ဘာ​ပြောတာတုန်း ဒီနားကပ်​ပြောစမ်းပါ '' ....'' ဘာမှမဟုတ်​တော့ဘူး​တော်" ''ညည်းကလည်း ငါကသိချင်လို့ပါဟ''..............
ကိုယ်ဆယ်တန်းစာ​မေးပွဲ​အောင်ပြီ။
အ​ဆောင်ဆို​ပေမဲ့ ကိုယ်တို့အ​ဆောင်က သူ့စံနှုန်းနဲ့သူ​တော့
အောင်ချက်​ကောင်းတယ် ။
ခု​လောက်ဆိုကိုယ်တို့ခြံနဲ့ကပ်ရပ် ငလင်းတို့တိုက်ကြီးထဲမှာလဲညံ​နေ​ရော​ပေါ့
"သား ​အောင်တယ်တဲ့လား "
"ဟုတ်အ​မေ"
"ဂုဏ်ထူး​ရောပါလား ​ဂျေ​ဂျေ​ရော​ ​အောင်လား"
"သူက၃ခု သားက၄ခု "
" ဒါမှဒို့သားကွ"
"တိုးတိုး​ပြောပါအ​မေရာ ညသန်း​ခေါင်ကြီးကို"
"​​အေးပါဟဲ့ အမ​လေး​ ​....ငါ့သားကလည်း သူများ​တွေကိုဂရုစိုက်​နေ​သေး"...
ဂုဏ်ထူးကမှန်းတာ​၄ခု ပါ​တော့သုံးခု။ ​အလွန်အကျွံ အိပ်ငိုက်ခဲ့ခြင်းရဲ့ ရလဒ်​ပေါ့။  ​ဖေရီးနဲ့​မေရီးတို့ကအသက်ကြီးပြီ​လေ ။ ကိုယ့်​ကျောင်းစာရိတ်ကို နှစ်ခါအကုန်မခံနိုင်ဘူး ဆိုတဲ့စိတ်နဲ့ ဆယ်တန်းကို ဖြတ်​ကျော်ခဲ့ရတာ။  ကုန်စုံဆိုင်​လေးရယ်
မေရီးစက်ချုပ်တာ​လေးရယ်ပဲ ဝင်​ငွေရှိတာမလား။
ဒါ​တောင်​မေရီးက အိမ်​ထောင်ကျ​စောခဲ့လို့ တခြား
အ​မေကြီး​တွေထက်ငယ်​နေတာ ​ဖေရီးက​တော့​မေရီးထက်အသက်ကြီးလို့ ဘာမှသိပ်မလုပ်နိုင်​တော့ဘူး
အရင်တုန်းက အ​ဖေရီးက ​ဆေးကုန်သည်(​ဆေးရွက်ကြီး)
လုပ်လို့ မြတ်ထား​တွေ​ကြောင့် မ​ကြောင့်မကြ ​နေနိုင်ခဲ့တာ ..
လင်း​ကျော်စွာ​တို့​လောက် မချမ်းသာ​ပေမဲ့လည်း
ဒီတိုက်ပု​လေးထဲမှာ ​ဖေရီး​မေရီး​ကျေးဇူး​ကြောင့် ကိုယ်ဟာအမြဲ​စိတ်ချမ်းသာခဲ့ရတယ်.......................................
အချစ်ဆီသို့Where stories live. Discover now