Chapter 3

3K 380 24
                                        

ရေကန်အလယ်မှာဆောက်ထားတဲ့နားနေဆောင်
သေးသေးလေးထဲတွင်ဦးရီးတော်ပုစိကထိုင်နေတယ်။ဦးရီးတော်ရဲ့ပေါင်ပေါ်မှာတော့ ၆ လသားအရွယ်
ပဲရှိဦးမယ့် ကျန့်ကျန့်ကထိုင်ပြီး ဦးရီးတော်ကိုမျက်လုံး
ရွဲကြီးတွေနဲ့စိုက်ကြည့်နေတယ်......။

ဦးရီးတော်ကအသဲမာတယ်...။သူဘယ်လောက်ပဲ
ချစ်ဖို့ကောင်းအောင်လုပ်ပြလုပ်ပြ ဦးရီးတော်ကသူ့
ကိုဂရုမစိုက်ပဲမျက်နှာသေကြီးနဲ့ကြည့်နေတယ်.....။
ကျန့်ကျန့်ခမျာလဲဦးရီးတော်နဲ့အနေနီးပြီးကြာရင်လူက
ရုပ်တည်ကြီးဖြစ်တော့မယ်.....။

နန်းတွင်းထဲကအပျိုတော်တွေဆိုရင်မျက်နှာချိုလွန်း
တဲ့သူ့ကိုတအားချစ်ကြတာ....။ဦးရီးတော်ကျတော့
သူ့ကိုချီတာကလွဲပြီးတစ်ခါမှတောင်မနမ်းဖူးဘူး။
ကြာလာတော့ ကျန့်ကျန့်ခမျာ ဦးရီးတော်ဆီကချစ်တာ
ကိုခံရအောင်လုပ်နေမဲ့အစားကျားဖင်ပြေးနှိုက်တာ
ကမှလွယ်ဦးမယ်လို့ထင်မိတယ်......။

" အင့်....အင့်..."

ဦးရီးတော်ရဲ့ပေါင်ပေါ်မှာထိုင်နေတုံးကျန့်ကျန့်ရဲ့မုန်
လာဥသေးသေးလေးကအနည်းငယ်တင်းမာလာပြီး
သေးပေါက်ချင်လာတယ်.....။ဒါပေမဲ့သူ့အသိကလူ
ကြီးစိတ်ဆိုတော့ ဦးရီးတော်ရဲ့ပေါင်ပေါ်မှာသေး
ပေါက်လို့အဆင်မပြေဘူးဆိုတာသိတယ်လေ....။

ပေါင်ပေါ်ကနေထဆင်းပြီးသေးပေါက်ရအောင်လဲအခုသူက သူ့ကိုယ်သူတောင်သယ်နိုင်သေးတာမ
ဟုတ်ဘူး.....။အဲ့တာမို့ပေါင်နှစ်ဖက်ကိုတင်းတင်းစေ့
ထားပြီးမျက်နှာကအနည်းငယ်နီရဲလာတယ်....။

" အင့်.....ဟင့်...."

(.သေးပေါက်ချင်တယ်လို့.....)

" တစ်ခုခုဖြစ်လို့လား.....မျက်နာလေးနီရဲနေတယ်"

" အင့်....အဲ့...."

( သေးပါက်ချင်လို့ဆို.....)

" အာ....ရေဆာနေတာလား...ခဏနော်...."

" အင့်....ဟင့်...."
( မဟုတ်ဘူးလို့ဆို.....ဘေးနားကအပျိုတော်တွေမေး
ကြည့်ပါလား....မျက်နှာကြီးရဲနေရင်ရေဆာနေတယ်
လို့မင်းကိုဘယ်ဆရာကသင်ပေးထားတာတုံး....)

Oh!  My Crown PrinceWhere stories live. Discover now