Chapter 6

4.1K 431 39
                                        

" ဘုတ်..... !! "  " အင့်.... !! "

လေ့ကျင့်ရေးကွင်းကနေဦးရီး​တော်ရဲ့နန်းဆောင်
ထိသူ့ကိုပွေ့ချီလာတယ်....။ဒါပေမဲ့အခန်းထဲရောက်
ရောက်ချင်းလူကိုမွေ့ယာပေါ်ညင်ညင်သာပစ်ချလိုက်
တာ အင့် ခနဲပဲ.....။တကယ်ညင်သာတာတော့မ
ဟုတ်ဘူး ရွဲ့ပြောတာ......။အောက်ကမွေ့ယာမဟုတ်
ပဲကျောက်ပြားသာဆိုရင်လေ ရှောင်းလေး တို့အတွင်းကြေဒဏ်ရာနဲ့အိပ်ရာထဲတစ်ပတ်လောက်လဲနေ
ရမှာ.......။

" ပေး....ခြေထောက်...."

" ဟမ်....အော်....အင်းအင်း...."

ရုတ်တရက်နားမလည်သောကြောင့်အူတူတူလေး
ဖြစ်နေတဲ့သူ့ရဲ့ခြေထောက်ကိုဦးရီးတော်ဆွဲယူကာ
သူ့ရဲ့ပေါင်ပေါ်တင်ထားလိုက်တယ်.....။နောက်ပြီး
ဝတ်ရုံးကိုပေါင်အရင်းနားထိဆွဲလှန်ပြီးနည်းနည်းနီ
နေတဲ့ဒူးခေါင်းနားကိုလက်ညိုးလေးနဲ့ဆေးလိမ်းပေး
နေတယ်.......။

ဆေးကအပူမဟုတ်ပဲအေးအေးလေးဖြစ်နေသော
ကြောင့်ဒူးထောက်ထားလို့နာနေတဲ့နေရာတွေ
တောင်ကြောက်ပျက်ငှက်ပျောက်....။ဦးရီးတော်က
တော့ထုံးစံအတိုင်းမျက်နှာသေနဲ့ပဲသူ့ရဲ့ဒူးခေါင်းကို
စူးစူးကြည့်နေတယ်.....။မွေ့ယာကနွေးတာရောဒူး
ခေါင်းကိုဖွဖွလေးပွတ်ပေးနေတဲ့ဦးရီးတော်ရဲ့အထိအ
တွေ့မှာရှောင်းလေးရဲ့မျက်လုံးတွေကမှေးစင်းပြီးအိမ်
မက်ကမ္ဘာထဲပစ်ဝင်သွားတယ်......။

" အမလေးဟဲ့....ဝမ်ရိပေါ်တို့များနော်ပြောတော့
ဖြင့်မချစ်ဘူးမချစ်ဘူးနဲ့ဆေးတောင်တကူးတကလိမ်း
ပေးနေတယ်....."

ခါးမှာချည်ထားတဲ့ဂါဝန်စကိုဖြည်ချပြီးဘေးနားကနီး
ရာခုံပေါ်ကိုခြေထောင်ပါတင်ပြီးဝင်ထိုင်လိုက်တယ်။
စားပွဲကမုန့်တွေကိုပါးစပ်ထဲအတင်းထိုးထည့်နေတဲ့
သူ့ကိုရိပေါ်ကခေါင်းခါကာစိတ်ရှုပ်စရာလိုမျိုးကြည့်
နေတယ်.....။

သူကလဲနှုတ်ခမ်းကိုမဲ့ရွဲ့ပြပြီးပန်းသီးတွေကိုတကြွပ်
ကြွပ်နဲ့ကိုက်စားပြနေတော့ဝမ်ရိပေါ်ရဲ့မျက်လုံးက
ပြူးပြီးသူ့ကိုလာကြည့်တယ်.....။

Oh!  My Crown PrinceTempat di mana cerita hidup. Terokai sekarang