Chapter 1

3.7K 382 26
                                    

သူနိုးလာတော့လှေကားပေါ်ကနေပြုတ်ကျထားတယ်လို့မထင်ရလောက်အောင်ကိုလူကလန်းဆန်း
ပြီးဖလန်းဖလန်းဖြစ်နေတာကိုသတိထားမိတယ်။
အမှန်ဆိုသူကျတဲ့အမြင့်ကနည်းတာမဟုတ်လို့ခြေ
ကျိုးလက်ကြိုးခေါင်းပေါက်တာတို့ဖြစ်ရမှာလေ။

အခုလူဘာမှမဖြစ်ပဲအခုအခြေအနေအတိုင်းသာ
ဆိုရင်မာရသွန်ပြေးလို့ရတယ်။ဘာလို့လဲ......။
ဝါးနေတဲ့မျက်လုံးတွေကိုပွတ်ကြည့်လိုက်တော့ဆေး
နံ့တွေမွှန်ထူနေမဲ့ဆေးရုံဖြစ်နေမဲ့အစားကြာပန်းနံ့
သင်းသင်းလေးကိုရနေတယ်။နောက်ပြီးကနုတ်တွေ
ပန်းတွေနဲ့အလှဆင်ထားတဲ့မျက်နှာကျက်။

ဘာလဲ.....လှေကားပေါ်ကပြုတ်ကျပြီးနတ်ပြည်
ရောက်သွားတယ်လို့မပြောနဲ့နော်....။နောက်ပြီးငါ
လေးအကုသိုလ်များတာငါအသိဆုံးငါသေရင်ငရဲ
ရောက်မှာက 99.99% ကသေချာတယ်။

ဒီနေရာကနတ်ပြည်လား....။ဒါပေမဲ့နတ်ပြည်ကဒီ
ထပ်ပိုပြီးခမ်းနားထည်ဝါတယ်တယ်မလား။ငရဲပြည်
ဆိုရအောင်လဲ ရုပ်ဆိုးဆိုးငရဲသားတွေရောငရဲမီး
တွေရော ငရဲခွေးတွေမပြောနဲ့ခွေးတစ်ကောင်
ကြောင်တမြီးရဲ့အသံတောင်မရှိဘူး။

( တစ်ယောက်ယောက်ရှိကြလား....)

" အဲ့....အဲ့...."

ဟမ်......။ဘယ်ကကလေးသံတုံးက.....။

( hey....hello... )

" အဲ့....အဲ့...."

( what the fuck....)

ကျန့်ကျန့်သူ့ပါးစပ်သူပိတ်ကာမျက်လုံးအပြူးသာဖြစ်
သွားတယ်။ဘာလို့လဲဆိုတော့ အဲ့ဒီ့....အဲ့...အဲ့ ဆိုတဲ့
ကလေးအသံကသူ့ပါးစပ်ကနေထွက်လာတာလေ။
သူ့စိတ်ထဲကနေ ဘာပြောပြောသူ့ပါးစပ်က တအဲ့အဲ့
ဆိုတဲ့အသံပဲထွက်နေတာလေ။

မယုံနိုင်တဲ့မျက်လုံးတွေကိုဟိုကစားဒီကစားကြည့်
တော့သူ့ခေါင်းတာ့်တည့်မှာ ငှက်ပုံတွေ ကြယ်ပုံတွေ
လပုံတွေနဲ့ ခြူ လုံးတွေကို စီထားပြီးလေတိုက်တာနဲ့
ခြူ သံတချွင်ချွင်ကထွက်နေတယ် ။

သူမယုံနိုင်စွာသူ့လက်ဖဝါးတွေဖြန့်ကြည့်တော့ ။

( အား........ !!!! )

Oh!  My Crown PrinceWhere stories live. Discover now