Chapter 4

2.9K 384 10
                                    

7 years later......

" ဦးရီးတော်.....ဦးရီးတော်.....ခဏစောင့်ပါဦး.....
ဦးရီးတော်....."

ဖြူ လွှလွှဝတ်စုံဝတ်ထားပြီးငွေရောင်ဓားကိုကိုင်ထား
တဲ့အရိပ်လေးရဲ့နောက်ကို နဂါးဝတ်ရုံအမဲရောင်ဝတ်
ထားတဲ့လုံးတုံးတုံးအရိပ်ကလေးကအနောက်ကနေ
ပြေးပြီးလိုက်လာတယ်.....။လမ်းမှာတွေ့သမျအပျို
တော်မှန်သမျ က အရိုအသေပေးသော်လဲအမဲရောင်
အရိပ်လေးကတော့ ဂရုမစိုက်ပဲရှေ့ကဖြူ လွလွအရိပ်
လေးဆီကိုသာဦးတည်ပြီးပြေးနေတယ်....။

" ဦးရီးတော်...စောင့်ပါဦး....ဦးရီးတော်....ဘုတ်...
အင့်....."

ခြေလှမ်းကျဲကြီးတွေနဲ့နောက်ကနေကျားလိုက်နေ
သလိုမျိုးသွားနေတဲ့ဦးရီးတော်နောက်ကိုရှောင်းကျန့်
အပြေးလိုက်ရတာကလွယ်တဲ့အလုပ်မဟုတ်......။
ဟိုးငယ်ငယ်လေးထဲကနေဒီအရွယ်ရောက်တဲ့အထိ
ရှောင်းကျန့်ကနည်းမျိုးစုံနဲ့ချစ်စရာကောင်းအောင်နေ
ပါသော်လဲ ဦးရီးတော်ကသူ့ကိုအေးစက်စက်နဲ့ဆက်
ဆံတတ်တယ်.....။

အခုလဲဦးရီးတော်နောက်ကိုပြေးလိုက်တုံးလမ်းပေါ်
ကအုတ်ခဲကိုမမြင်ပဲခလုတ်တိုက်ရာကနေလမ်းမ
ပေါ်မှောက်ရက်လေးလဲသွားရခြင်း.....။အဲ့ကျမှရေ
ခဲတုံးကအနောက်ကိုလှည့်လာပြီးသူ့ကိုရပ်ကြည့်နေ
တယ်.....။

အဲ့လိုလေးလဲသွားလို့လာထူပေးမယ်ထင်နေလား
ဝေးသေး.......။အဲ့အတိုင်းပဲမျက်နှာသေနဲ့ကြည့်နေ
ပြီးတော့သူထလာတဲ့အထိစောင့်တယ်.....။နောက်
ပြီးရင်သူသွားစရာရှိတဲ့နေရာကိုဆက်သွားတယ်...။
ကိုယ့်ခမျာ 21 ရာစုမှာပတ်ချေခဲ့သမျ ဒီရောက်မှအ
တိုးရောအရင်းရောပေါင်းပြီးခံနေရတာ....။

" အညှာအတာမရှိတဲ့သူကြီးအသဲနှလုံးမရှိတဲ့သူ
ကြီးရုပ်လေးလှပြီးစိတ်ဓာတ်ကပုပ်ပွနေတာငါအရင်
ကဒီဇာတ်လိုက်ကောင်ကိုဘယ်နားကြည့်ကြိုက်မိ
လဲမသိဘူး......"

" ထ....."

What.... !! ထူးထူးဆန်းဆန်း....အရင်ကဆိုမသိ
ချင်ယောင်ဆောင်နေတဲ့သူကဒီတစ်ခါတော့လာထူ
ပေးတယ်ဟ.....။ကြည့်ရတာဒီနေ့ဦးရီးတော်ဆေး
စားမှားထားလို့ဖြစ်မယ်......။

Oh!  My Crown PrinceWhere stories live. Discover now