🎵 Picture-perfect, you don't need no filter
🎶 Gorgeous, make 'em drop dead, you a killer
🎵 Shower you with all my attention
🎶 Yeah, these are my only intentions
...........
ဖုန်း Ringtone သံက အခန်းထဲမှာပဲကြားနေရတာမို့ ရှာကြည့်လိုက်တော့ ခုတင်ဟိုဘက်ဘေးကျလို့။ ရေချိုးနေသည်ဆိုလို့ အခန်းထဲဝင်လာတော့လည်း ရေချိုးခန်းကြီးကပွင့်လျက်သား လူကမရှိ။ ဖုန်းခေါ်တော့လည်း ဖုန်းက ခုတင်ဘေးမှာခန့်ခန့်ကြီး၊ လူက ဘယ်နေရာမှာ ဆန့်ဆန့်ကြီး သွားသေနေမှန်းမသိရ။
ဖုန်းနှစ်လုံးကိုင်ပြီး အခန်းအပြင်ပြန်ထွက်မယ်လုပ်တော့မှ"ဟ! အသံလေးဘာလေးပေးပါကွ"
"မင်းသာ ငါ့အခန်းထဲရောက်နေတာလေ"
"ရေချိုးပြီးတာကို အဝတ်မလဲဘဲ ဘယ်လျှောက်သွားနေတာလဲ?"
Bathrobe ကိုကြည့်ပြီး မေးမိသည်။
"ပိုက်ပျက်သွားလို့ မာမီတို့အခန်းမှာ သွားချိုးတာ"
"အဝတ်လဲလိုက်ဦး"
တစ်ယောက်က အဝတ်လဲနေချိန် ကျန်တစ်ယောက်က စားပွဲပေါ်မှ မပိတ်ထားသော Laptop ကို အခြားဂြိုဟ်မှပစ္စည်းတစ်ခုလို စူးစမ်းနေသည်။
One
Fifty before Zero, & Five before E
Youဒါက ဘာကြီးလဲ? ဘာစာတွေရိုက်ထားတာလဲ?
"ငရဲ၊ ဒါ ဘာတွေရေးထားတာလဲ? သိုက်စာလား?"
Screen မှ အကြည့်မလွှဲဘဲ မေးလာသည်ကို ဘောင်းဘီတစ်ထည်ကောက်စွပ်ရင်း ဖြေလိုက်ပုံမှာ
"မင်းဘိုးအေ သွားမေးလို့ သိုက်စာဖြစ်သွားတာလား?"
"ဘာကြီးလဲ? ငါ နားမလည်ဘူး"
"ရည်းစားစာလေ။ ဟို E-major က မမအတွက်"
"ရည်းစားစာ? ဘယ်နားက ရည်းစားစကားပါပါလိမ့်! You နဲ့ ဆုံးတာဆိုတော့ အပေါ်က One က I, ဟုတ်တယ်။ Roman Number တွေ"
"မင်း ဉာဏ်ပြေးသားပဲ"
အနားရောက်လာပြီး ခေါင်းမှဆံပင်တွေကိုဆွဲဖွလာသည်မို့
"ငြိမ်ငြိမ်နေစမ်းကွာ။ 50 က L, Zero က ရှိလို့လား? 5 က V, ငါသိပြီ။ 50 က L, သုညက O, 5 က V, ပြီးတော့ E. အားလုံးပေါင်းတော့ I Love You"
YOU ARE READING
Zippy Amor (Lively Friendship)
Teen Fictionအချစ်လား။ ငါ့ရင်ခွင်ကို တံခါးလာခေါက်ပြီး ငါ့နှလုံးသားကို လှုပ်နှိုးသွားတယ်။ ဒါပေမဲ့ ... တိုးတိုးလေး။ ။ • ချစ်တာတွေ၊ မေတ္တာတွေ၊ ဘာတစ်ခုမှ ငါမသိဘူး။ ငါသိတာက မင်းတစ်ယောက်တည်းပဲ။ ။ ■ Collaboration of Jay & Demon Complete 30 parts ■ အခ်စ္လား။ ငါ့ရင္ခြင...