-2-

944 120 17
                                    

"ရှောင်းကျန်းကျွင်း!! ရှောင်းကျန်းကျွင်း!! ရှောင်းကျန်းကျွင်း!!..."

မြို့တော်ဆီကို အပြေးရောက်လာတဲ့‌သတင်းပေး အထောက်တော်ကြောင့် မြို့နေလူထုဟာ စစ်ပွဲအကြောင်းသိချင်စိတ် ပြင်းပြသွားကြလေရဲ့..။

အခုဖြစ်သွားတဲ့စစ်ပွဲဆိုတာလည်း ပျားရည်တစ်စက်ကြောင့် တိုင်းပြည်နှစ်ခု စစ်ဖြစ်သွားတဲ့ ပုံပြင်ထဲကလိုပါပဲ။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးကြောင့် ဖြစ်သွားခဲ့တဲ့စစ်ပွဲ။

လွန်ခဲ့တဲ့ ခြောက်လ...

ဘုရင်မင်းမြတ်ရဲ့မြေးအငယ်ဆုံး မင်းသားသွမ့်ယွမ်မင်ရဲ့ မွေးနေ့မင်္ဂလာမှာဖြစ်သွားတဲ့ ပြဿနာ။
အကအလှတွေနဲ့ဖျော်ဖြေရင်း မွေးနေ့ပွဲကို ကျင်းပနေတုန်း မွေးနေ့ပွဲလာတဲ့ ကျိုးနိုင်ငံကမင်းသား(၇)ရဲ့ အချစ်တော်ခွေးလေးကလန့်ပြီး ဘုရင်မင်းမြတ်ရဲ့မိဖုရားဆီ ပြေးသွားတာကို အစောင့်ရဲမက်က ဓားနဲ့ထိုးသတ်မိလိုက်ခြင်း ကြောင့်ပင်။

အချစ်တော်ခွေးလေးနဲ့ အချစ်တော်မိဖုရားကြားက ပြဿနာသေးသေးလေးဟာ တိုင်းပြည်ရဲ့အရှင်နှစ်ပါးကြား စစ်ဖြစ်ဖို့အတွက် လုံလောက်သည်ထင်ပါရဲ့။
အင်အားကြီးသူတွေရဲ့ ‌ခြေအောက်မှာ တိုင်းသူပြည်သားတွေခမျာ မြေစာပင်ဖြစ်ရရှာသည်။

"ရှောင်းကျန်းကျွင်း!! ရှောင်းကျန်းကျွင်း!!.."

အားနှင့်မာန်နှင့် ကြွေးကြော်သံတွေက မိုးထိအောင် ပျံ့လွှင့်သွားသည့်နှယ်။
မြို့တံခါးကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကြသည့် တိုင်းပြည်ရဲ့ သူ‌ရဲကောင်းစစ်သည်တွေ..
ရှေ့ဆုံးကနေ မြင်းညိုကြီးကိုစီးလာတဲ့ စစ်သူကြီးရှောင်းကျန့်ကို မြင်လိုက်သည်နှင့် ဂုဏ်ပြုသံဟာ ပိုကျယ်လာသည်။

ပါးပြင်ပေါက်က သွေးစို့နေဆဲ ပြတ်ရှရာတစ်ခု..
ညာဘက်လက်မောင်းမှာ အဝတ်ဖြူနဲ့စည်းထားတဲ့ ဒဏ်ရာတွေက တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်လာပါသည် ဆိုတဲ့သက်သေတွေပင်တည်း။

ပုံမှန်မြင်ဖူးနေကြ မျက်လုံးကြည်ကြည်တောက်တောက်ဟာ အခုတော့ သိမ်းငှက်မျက်လုံးသဖွယ် စူးစူးရဲရဲ..
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံရယ်
ကျုံ့ထားတဲ့ မျက်ခုံးတွေဟာ
တိုက်ပွဲက မာန်တွေ အခုထိထင်ကျန်နေသေးသကဲ့သို့ပင်..။

王Where stories live. Discover now