ကျိုးနိုင်ငံ မြို့တော်လော့ရန်
နေပြောက်မထိုးတဲ့ထိအောင် နှင်းတွေဆက်တိုက်ကျနေပေမယ့် မြို့တော်ရဲ့လမ်းမပေါ်မှာ သွားလာလှုပ်ရှားနေသူတွေကတော့ အပြည့်ပင်။
ဝမ်းစာအတွက်ကြောင့် အအေးဒဏ်ကိုတောင်မမှုဘဲ ရောင်းဝယ်နေကြသည့် လူတွေကလည်း အများအပြားရှိလို့နေသည်။
လှပလွန်းတဲ့ မြို့တော်လော့ရန်ရဲ့ လမ်းမထက်က လူတွေကြား စစ်သူကြီးရှောင်းကျန့်နဲ့ ကျိုးမင်တို့လည်းအပါအဝင်ဖြစ်သည်။"ဇီးသီးတုတ်ထိုးတွေ ရမယ်!! ဇီးသီးတုတ်ထိုး!!"
"မုန်လာဥတွေနော် အာလူးတွေရော လတ်လတ်ဆတ်ဆတ်ပဲ"
"ပေါက်စီပူပူလေးတွေ ပေါက်စီပူပူလေး!!"
"ဟောဒီက စောင်တွေ အထည်တွေနော်!!"
စည်ကားလွန်းလှတဲ့ ဈေး။
ဈေးသည်တွေကတော့ သူတို့ပစ္စည်းတွေ ရောင်းကုန်အောင် အားကြိုးမာန်တက်အော်ဟစ်ပြီး ရောင်းချလို့နေသည်။
ဒါမှလည်း မြန်မြန်ကုန်ပြီး မြန်မြန်အိမ်ပြန်ရမှာလေ။
ရာသီဥတုကလည်းအေးတော့ အိမ်မှာမီးလှုံရင်း ဇနီးသည်လုပ်ကျွေးမယ့် ခေါက်ဆွဲပူပူလေးထိုင်စားချင်ရှာမှာပေါ့။"ဟေး မင်း ဘာလုပ်တာလဲ။ ပေါက်စီသူခိုးဗျို့..
သူခိုးလေး ရပ်စမ်း!! ဟေ့ ကလေး ရပ်လိုက်စမ်း.."မနီးမဝေးကနေလာတဲ့ အော်သံ။
ရုန်းရင်းဆန်ခတ်အသံ..
တစ်ယောက်ယောက်ကတော့ စောစောစီးစီးအလစ်သုတ်နေပြီ ထင်ရဲ့။"ဟေ့ကောင် ရပ်လိုက်စမ်း.. တစ်ယောက်ယောက် သူ့ကိုဖမ်းပေးထားပါအုံး! တစ်ယောက်ယောက်"
ဘေးနာက ဖြတ်သွားတဲ့ ကောင်လေးတစ်ယောက်
သူ့နောက်က ပြေးလိုက်လာတဲ့လူဝကြီးက ပေါက်စီသည်ထင်ပါရဲ့။
တံမြက်စည်းတစ်ချောင်းကိုလည်း လက်ကကိုင်လို့..။
ဟိုကလေးကတော့ မိရင်သေတော့မှာပဲ။အသံနဲ့အတူ လမ်းကြားထဲဝင်ပျောက်သွားတဲ့ ကောင်လေး။
လူဝကြီးရဲ့နောက်မှာ ရှောင်းကျန့်လည်း အတူလိုက်သွားမိမှန်းမသိ လိုက်သွားမိသည်။ အတူပါလာသည့် ကျိုးမင်ကတော့ ဘယ်ကျန်နေခဲ့မှန်းမသိတော့။
