Part.(1)

47.1K 1.6K 90
                                    

Unicode

ဂုဏ်ရည်နှင်း
သူမ၏ခေါ်ဆိုမှုကြောင့် မင်းမဟော်ဂနီ
တစ်ယောက် သူမတို့အိမ်သို့ရောက်ခဲ့သည်။
မဟော်ဂနီက အသက်18နှစ်ရှိလေပြီ။
ထူထဲသောမျက်ခုံးနက်များ၏အောက်ဘက်မှ
အကြည်ရောင်မျက်လုံးများကပင် ရဲ့ရင့်ပြတ်သားပြီး ယုံကြည်မှုရှိလေ၏။တောင့်တင်းသောstructureကြောင့် ယောကျာ်းပီသသလိုပုံစံမျိုးရှိသောလူငယ်တစ်ယောက်ဖြစ်လေ၏။

ဧည့်ခန်းကျယ်ကျယ်ကြီးထဲဝေ့ဝဲကြည့်တော့ အလွန်ပင်ခမ်းနားထည်ဝါနေလေသည်။သစ်သားပန်းပုရုပ်များနှင့်လက်ရာကောင်းသောပန်းချီများက အနုစိတ်ခြယ်မှုန်းခံထားရပြီး ဧည့်ခန်းနံရံပြင်နှင့်ကနုတ်ကောင်းသောအလျားလိုက်ဗီရိုတန်းပေါ်တွင်သပ်ရပ်စွာနေရာယူလေ၏။

မင်းမဟော်ဂနီထိုင်နေသောခုံရှေ့ရှိ
လေးထောင့်စားပွဲကျယ်ကြီးပေါ်တွင် နှင်းဆီနီနီများထိုးထားသည့် ပန်းအိုးတစ်အိုးနှင့်လေးထောင့်ပုံတစ်ရှူးဘူးတစ်ဘူးရှိနေလေသည်။

နှင်းဆီနီနီများက အပွင့်ကြီးကြီးများဖြစ်ပြီး အရောင်စိုလွန်းလှသဖြင့်အတော်‌လေးလှသည်။ထည်ဝါသောဧည့်ခန်းကျယ်ကြီးနှင့်နှင်းဆီနီနီများ ပနံတင့်ပြီးလိုက်ဖက်ညီလွန်းလှပါ၏။ သို့သော် ဂုဏ်ရည်နှင်းကနှင်းဆီမကြိုက်တာ မင်းမဟော်ဂနီသိနေပါသည်။ထိုသို့ဆိုလျှင်အစ်ကိုနှစ်ယောက်နှင့်အတူနေသောဂုဏ်ရည်နှင်းတို့အိမ်၌မည်သူက ဒီပန်းမျိုးထိုးဖို့အမိန့်ပေးလေသနည်း။

ဂုဏ်ရည်နှင်းတစ်ယောက် အစေခံတစ်ယောက်အား ဧည့်ခံဖို့ပြင်ဆင်ခိုင်းပြီးသည်နှင့်

"နင့်ကို ကိုကိုကြီးနဲ့မိတ်ဆက်ပေးမယ် ကိုကိုလေးကတော့ကုမ္ပဏီသွားတယ်မဟော်ရဲ့ ဒီမှာထိုင်နေဦးနော်
ငါကိုကိုကြီးကိုသွားခေါ်လိုက်ဦးမယ်"

သို့နှင့် မင်းမဟော်ဂနီလည်းဧည့်ခန်းထဲတွင်စောင့်နေတော့သည်။

ခဏကြာတော့ ဂုဏ်ရည်နှင်းသည် လူချောယောကျာ်းတစ်ယောက်၏လက်ကိုဆွဲ ချွဲနွဲ့၍ပြန်ဆင်းလာခဲ့ပါသည်။ထိုလူက သူ့အစ်ကိုအကြီးဆုံးဆိုသူ‌လား‌တော့မပြောတတ်ပါ‌ပေ။

ချစ်သော...ဦး(Uni+Zawgyi)[Completed]Where stories live. Discover now