Part(11၏အဆက်)

5.5K 517 8
                                    

Unicode

မဟော်အိမ်ပြန်ရောက်ခဲ့ပြီ။
ချစ်သူရှိသော အိမ်ဂေဟာကအေးစက်စွာပင်ကြိုဆိုနေလေ၏။

"ကိုယ့်အချစ်လေးရေ"

အိမ်ပေါက်ဝကနေ အော်ပြီးဝင်လာသောမဟော့်အသံကြောင့် ထည်လင်းစာဖတ်နေရမှာနားပိတ်ထားလိုက်၏။

"ဦး...ဦး"

မဟော်သည် အမောပြေသူ့မျက်နှာလေးမြင်ချင်၍ နာမည်ခေါ်ပြီးအပြေးအလွှားရှာနေပါသော်လည်း သူ့ဆီကပြန်ထူးသံမကြားရပါ။

ဒီအချိန်ကမဟာလည်း ကုမ္ပဏီမှပြန်ရောက်ချိန်မဟုတ်။ထို့ကြောင့် ချစ်သောသူလေးဘယ်များသွားနေပါသနည်းဟူသောအတွေးဖြင့်မဟော်သည် အောက်ထပ်ရောအပေါ်ထပ်ပါတစ်ခန်းမကျန်ရှာရတော့သည်။

တွေ့ချင်လွန်းလှပါ၍ အမောတကောရှာနေခဲ့ပါသောမဟော်သည် သူ့အားတွေ့ခဲ့ပါ၏။
ဘယ်မှာလဲဆိုတော့ မဟာ့စာဖတ်ခန်းထဲမှာသာဖြစ်သည်။
စားပွဲပေါ်တွင် ကော်ဖီဖျော်တင်ထားပြီး
စာဖတ်ခန်းထဲမှာရှိသည့်စာအုပ်စင်မှ စာအုပ်များကိုယူ၍ ထိုင်ခုံကိုကျကျနနကိုမှီလျက်စာဖတ်နေသောထည်လင်း။ဒီစာဖတ်ခန်းကို သူ့ယောကျာ်းပိုင်တယ်များအောက်မေ့နေလေသလားမသိ။

"ဦး ကျွန်တော်ရှာလိုက်ရတာဗျာ ဦးမျက်နှာလေးတွေ့ချင်လွန်းလို့ဟာကို"

မဟော်သည် ပြောရင်းဆိုရင်းမှပင် ထည်လင်း၏အနောက်ဘက်ကိုသွား၍ထည်လင်းကိုယ်ကိုသိုင်းဖက်လိုက်၏။

"ဟေ့ကောင် အဲ့လိုမလုပ်နဲ့ငါမကြိုက်ဘူးလို့"

မဟော်သည် ထည်လင်း၏အခေါ်အဝေါ်ကြောင့်ရယ်မောလိုက်ရင်း

"ကိုယ့်ယောကျာ်းကိုအဲ့လောက်တောင်ရိုသေရလားဦးရယ်"

"ရိုသေရအောင် မင်းကိုငါကငါ့ရဲ့ခင်ပွန်းအဖြစ်လည်းမသတ်မှတ်ထားဘူး"

"အာ ကျွန်တော့်ကလေးလေးကရက်စက်လိုက်တာဗျာ "

မဟော်သည် ရယ်သွေးသွမ်းရင်းထည်လင်းကိုပြောမိ၏။ထည်လင်းကတော့ သူ့အားရွံရှာသောမျက်လုံးမျိုးဖြင့်ကြည့်နေလေ၏။

"ကဲပါလေ ဒါတွေထားပါ။ကျွန်တော် ဦးကိုချစ်ချင်တယ်"

မဟော်သည် စကားအဆုံးတွင်ထည်လင်းကို
ပွေ့ချီလိုက်၏။

ချစ်သော...ဦး(Uni+Zawgyi)[Completed]Donde viven las historias. Descúbrelo ahora