Part(12)

6.1K 526 22
                                    

Unicode

အသစ်တဖန်ပြန်လည်နိုးထလာ အိပ်မက်များ။

အထက်တန်းကျောင်းသားဘဝကရယ်သံလွင်လွင်လေးတစ်ခု။ခိုးခိုးကြည့်နေခဲ့ရသောမျက်နှာလေး။

ချစ်တယ် အစ်ကို။

အဲ့အချိန်တုန်းကတည်းက မင်းမဟော်ဂနီဆိုတာ The whole kingရာထူးရထားတဲ့ လတစ်စင်းပေါ့။
သိပ်ချောတယ်လေ။တည်တည်ကြီးနေတတ်တဲ့ သူ့အနားမကပ်ရဲခဲ့လေဘူး။သူ့သူငယ်ချင်းဇွဲကိုနဲ့ကလွဲပြီးတစ်ခြားသူတွေနဲ့ဆိုသိပ်တည်တဲ့လူကြီး။မနက်တိုင်းသူကျောင်းလာတာကို ဟိုးပြတင်းပေါက်ကနေစောင့်ကြည့်ရတာအမောပေါ့။
Crhကြီးကအချေတွေလွန်တာ ရှိုင်းဆိုတဲ့ကောင်ငယ်လေးကိုသတိထားမိမယ်တောင်မထင်ဘူး။Bခန်းကကျောင်းသားလေးမို့ Aခန်းကသူ့နဲ့ရင်းနှီးဖို့အတွက်မလွယ်ကူခဲ့ဘူး။ဒီတော့လည်း ကြိတ်ကြွေရရုံပဲပေါ့။

မုန့်စျေးတန်းသွားတိုင်းသူ့နောက်ကျောကနေကပ်လိုက်လာတတ်တာကိုလည်းသူသတိထားမိမယ်မထင်ပါဘူး။
ဒါပေမယ့်လေ ရှိုင်းကျေနပ်တယ်။အမြဲတမ်းသူ့ကိုငေးကြည့်ခွင့်လေးရခဲ့လို့။

ရှိုင်းအတွေးနယ်တွေလွန်နေမိချိန် ဖုန်းRingtoneမြည်လာခဲ့သည်။

"ဟယ်လို"

"......."

"အင်းပါ ငါသိပါတယ်"

-----------------------------------------------------------

မဟော် ကျောင်းသွားခါနီးမနက်စာစားနေလေပြီ။မဟော့်နံဘေးတွင် ထည်လင်းပါရှိနေလေ၏။ပြီးတော့မဟာရော။

ရှိုင်း။

"ကိုမဟော်"

မဟော်သည် သူ့နာမည်ကိုအော်ခေါ်နေမှုကြောင့် Breakfastဝိုင်းမှထလာလိုက်သည်။
ထည်လင်းမှာ သူမသိသောအသံကြောင့်မဟော့်နောက်စူးစမ်းနေလေသည်။

"အာ လာလေ ရှိုင်း"

ရှိုင်းသည် Breakfastခန်းကိုခေါင်းပြူ၍ကြည့်နေရာမှအထဲဝင်လာသောအခါ။

အသားဖြူဖြူဥဥကောင်လေးတစ်ယောက်။ပါးဖောင်းဖောင်းလေးတွေကရဲလို့။ဆံပင်အနက်အုပ်အုပ်ကိုနဖူးပေါ်ချထားသည့်ကောင်လေးငယ်။ဖူးဖူးရဲရဲနှုတ်ခမ်းလေးတစ်စုံအားလည်းပိုင်ဆိုင်ထားလေ၏။
သက်သက်sexyကျအောင်များရွေးဝတ်လာသလားမသိလေသော ကိုယ်လုံးသားများကိုထိုးဖောက်မြင်နိုင်သည့်အင်္ကျီလက်ရှည်ပါးပါးတစ်ထည်နှင့်ပေါင်ရင်းနားကပ်နေသောဘောင်းဘီတိုလေး။နှာခေါင်းသွေးလျှံကျနိုင်သည်အထိ sexyကျနေလေသည်။
မဟော်ရောမဟာအပြင်ထည်လင်းပါ ရုတ်တရက်မြင်လိုက်ရသောပုံရိပ်ကြောင့်ကြက်သေသေသွားလေ၏။သူ့ပုံစံကလည်းကြက်သေသေလောက်စရာပဲမဟုတ်လား။

ချစ်သော...ဦး(Uni+Zawgyi)[Completed]Opowieści tętniące życiem. Odkryj je teraz