Part(21)[11:11]

6.9K 548 47
                                    

Unicode

မဟော်သည် ရှိုင်းပြင်ပေးသောခေါင်းအုံးကိုကျောမှီရင်း ရှိုင်းဘက်တစ်ချက်ကြည့်ကာ

"ရှိုင်းလည်း ပင်ပန်းနေပြီ။ပြန်ပြီးအနားယူပါလား"

ဟုတ်သည်။ရှိုင်းငယ်က သူ့အနားမှတစ်ဖဝါးမခွာပဲ ဆေးရုံရောက်ကတည်းကလာရောက်ပြုစုပေးနေသည်မဟုတ်ပါလား။ဘာမှသိပ်မဖြစ်ဟုဆိုသော်လည်း ခေါင်းပေါ်တွင်ပတ်တီးအဖွေးသားနှင့် ခြေထောက်နှစ်ချောင်းကို စတီးချောင်းထည့်လိုက်ရသော မဟော့်ကိုရှိုင်းစိတ်မချနိုင်ပါ။အမှန်တော့ ထိုအရာဟာရှိုင်းနှင့်မဆိုင်ပါသော်လည်း သူ့နှလုံးသားကတော့အကြိမ်ကြိမ်သက်ဆိုင်နေခဲ့သည်လေ။

ထည်လင်းမှာ ရှိုင်းနှင့်မဟော် တစ်တီတူးလုပ်နေကြသည်ကိုကြည့်ရင်းကြည့်ရင်းပင် အမြင်ကပ်လာ၏။

"ဟင့်အင်း ကိုကို။ကျွန်တော်ကိုကို့ကိုစိတ်မချဘူး"

သူ့အားပြန်ခိုင်းနေသည်ကို အကဲပိုပြနေသောရှိုင်းအား
ထည်လင်းကြည့်မရစွာဖြင့်ပင်

"ရပါတယ်ရှိုင်းရဲ့။ဦးရှိတယ်လေ"

"အင် ဦးကကိုကို့ကိုဂရုစိုက်တာမှမဟုတ်...."

ရှိုင်းသည် မဟော့်မျက်လုံးများစိုက်ကြည့်လာတော့ စကားကိုအမြန်ဘရိတ်အုပ်ရတော့၏။တော်ကြာသူစိတ်ဆိုးသွားလျှင် လာမတွေ့နဲ့လို့ပြောနေမှ ဒုက္ခမဟုတ်လား။

"ဒါနဲ့ ဦးလည်းပြန်ရင်ပြန်တော့လေရောက်တာကြာနေပြီမဟုတ်လား ။"

မဟော်က ထည်လင်းပျင်းနေမည်စိုး၍ ပြန်လွှတ်၏။
သို့သော်

"ရတယ်။ ငါလည်းကျောင်းပိတ်ရက်မို့ အိမ်မှာလည်းဘာမှလုပ်စရာမရှိဘူး။ရှိုင်းကိုသာပြန်လွှတ်ရင် လွှတ်တော့လေ ။အားနာစရာ"

ရှိုင်းကတော့ သူ့အားအတင်းပြန်လွှတ်ခိုင်းနေသော ထည်လင်းကိုမျက်စောင်းနာနာခဲလျက်။
အနှင်းကတော့ ထိုနှစ်ယောက်ကိုကြည့်ရင်း။

ထိုအချိန် အခန်းတံခါးသည်ပွင့်အံလာခဲ့ပြီးနောက် ဇွဲကိုနှင့်မဟာတို့ပြန်ရောက်လာခဲ့ကြသည်။သူတို့က လူနာစောင့်နေသောလူများနှင့်လူနာအတွက် စားစရာများသွားဝယ်ခြင်းပင်။

ချစ်သော...ဦး(Uni+Zawgyi)[Completed]Kde žijí příběhy. Začni objevovat