Part(8)

6.3K 615 16
                                    

Unicode

မဟော် အတော်လက်လွန်သွားသည်။တစ်ခါမှလည်း မသောက်ဖူးသည်မို့ပိုဆိုးသွားသည်ထင်ပါသည်။တစ်ပုလင်းလောက်သောက်ပြီး လူကချာချာကိုလည်နေလေ၏။

"‌ေဟ့‌ေကာင် မင်းကဘာဖြစ်ချင်တာလဲ"

Clubမှာကနေရင်းမှနေ အမူးသမားတစ်ယောက်နှင့်တိုက်မိသည်။

"Sorryကွာ"

မဟော်က တောင်းပန်သော်လည်း သူတို့ကဝါရင့်လူမိုက်ပီပီနည်းနည်းကျောချင်သလိုလိုရှိ၏။မင်းမဟော်ဂနီ ဆိုသည့်ယောကျာ်းကို
အချဥ်ဟုထင်နေပုံလည်းရသည်။
အစက တိုက်မိခြင်းကမရည်ရွယ်ခဲ့ပါသော်လည်း

"မင်းက ငါတို့ကိုရန်စတာလားဟျောင့်"

"ငါ မတော်တဆတိုက်မိလို့ မင်းတို့ကိုတောင်းပန်တယ်လေ ဟျောင့်ဘာလဲမင်းတို့ကမကျေနပ်ဘူးလား"

"မဟော်"

ရှေ့ဆက်လျှင် ရန်ဖြစ်တော့မည်ဖြစ်သောကြောင့် အနှင်းကမဟော့်လက်ကိုဆွဲကာခေါ်ထုတ်သွားရန်ပြု၏။သို့သော်

"ဟျောင့် မင်းကကြောက်တာလား
ကြောက်ရင်လည်း အစကတည်းကမစနဲ့လေငကြောက်ရ"

ခုနက လူမိုက်လိုလိုလူဆိုးလိုလိုလူက မဟော့်အကြောင်းကိုမသိလေသည်နှင့်ရန်စခြင်းပြု၏။

မ‌ဟော်သည်စားပွဲပေါ်မှ အရက်ပုလင်းအခွံကိုလှမ်းဆွဲလျက် သူ့ကိုငကြောက်ဟုပြောသည့်
လူမိုက်ကောင်၏ခေါင်းကိုအားနှင့်လွှဲရိုက်ခွဲ
လိုက်သည်။

ပုလင်းခွံမှာ ရိုက်ခွဲလိုက်မှုကြောင့်တစ်ဝက်လောက်ပင်လက်ထဲမှကျန်ရှိခဲ့၏။
မဟော်ကသွေးအေးစွာပင် ထိုပုလင်းကွဲနှင့်
ခုနကလူ၏ရင်ဘတ်ကိုစိုက်ထည့်ရန် ကြိုးစားလေသည်။နဂိုကမှ လူကသိပ်ပြီးစိတ်ကြည်နေသည်မဟုတ်တာကို သက်သက်ရန်လာစသောသူမှာမဟော့်လက်ချက်နှင့်သေပွဲဝင်ရကိန်းရှိသည်။

သို့သော် မဟော့်အားအနှင်းနှင့်ဇွဲကိုက ထိန်းလိုက်ခြင်းကြောင့် လူသတ်မှုတော့မဖြစ်ပွားခဲ့သည်မှာကံကောင်းသည်ဟုဆိုရမည်။
လူဆိုးဘက်မှ နောက်လိုက်အပေါင်းအပါများက မဟော့်အားကျေနပ်ခြင်းမရှိကြသည့်အလျောက် ထိုးကြိတ်ရင်းရန်ဖြစ်ခဲ့ကြသည်။
မဟော်သည်ကလည်းခေသူမဟုတ်သလို ဇွဲကိုသည်ကလည်း ထိုပွဲမျိုးဆိုနွှဲဖို့အသင့်ပါ။ယခုကမဟော်နှင့်ပတ်သက်နေ၍ပိုလို့တောင်အသင့်ဖြစ်နေသေး၏။
အနှင်းကတော့အကူသက်သက်သာ။
မည်သို့ပင်ဖြစ်စေ မိန်းကလေးသူငယ်ချင်းတစ်ယောက်အနေနှင့် ဒီလောက်ကူညီဖော်ရတာကိုကျေးဇူးတင်ရဦးမည်။
သို့သော် ထိုတစ်ညကညီညွတ်ကြသောသူငယ်ချင်းတစ်စုရော ရမလားစမ်းသည့်လူတစ်စုပါ သူတို့အကုန်လုံးရဲစခန်းရောက်ခဲ့ကြပါ၏။

ချစ်သော...ဦး(Uni+Zawgyi)[Completed]Donde viven las historias. Descúbrelo ahora