Part(22)

7.3K 573 25
                                    

Unicode

ထည်လင်းသည် ကြက်စွပ်ပြုတ်တစ်ပွဲအား ကိုယ်တိုင်ဖန်တီးပြင်ဆင်နေလေ၏။ခဏနေလျှင် မဟော့်ဆီကိုသွားမည်။သူ့ဘက်က စိတ်အတွင်းမှာအစီအစဥ်ချပြီးပြီဖြစ်၏။

"ထည်လင်း"

ထည်လင်းသည် သူ့နာမည်အားခေါ်သံကြောင့် ကြက်စွပ်ပြုတ်ကိုမြည်းနေရာမှ နောက်လှည့်ကြည့်မိသည်။

"ဪ ကိုမဟာ"

မဟာက သူ့အပြစ်ကိုသူသိသလိုဖြင့် ကိုယ်ကိုအနည်းငယ်ကိုင်းနေလေ၏။

"ကျေးဇူးပါ"

အဆုံးအစမရှိသောစကားတစ်ချို့ကို သူဆိုတော့ ထည်လင်းမှာကြောင်အန်းအန်းပင်ဖြစ်သွား၏။

"ဘာ့အတွက်လဲ ကိုမဟာ"

"သားအတွက် အခုလိုတွေလုပ်ပေးလို့"

မဟာက ကြက်စွပ်ပြုတ်အိုးကို လက်ညှိုးထိုးကာပြောတော့ ထည်လင်းကသူ့အားပြန်လည်ကျောပေးရပ်ရင်း

"ကျေးဇူးတင်စရာမလိုပါဘူး။ဒါက ကျွန်တော်သူ့ကိုလုပ်ပေးရမယ့်တာဝန်ရှိတာပဲဟာ။အနည်းဆုံးတော့ သူ့ကိုကျွန်တော်သဘောမကျဘူးဆိုပေမယ့် သူ့မှာလည်းကျွန်တော့်ဆီကဂရုစိုက်မှုတွေရဖို့ အခွင့်တော့ရှိတယ်မဟုတ်လား။"

ထည်လင်းက စွပ်ပြုတ်အိုးကိုသာကြည့်ရင်း သူ့နောက်ကျောတွင်ရပ်နေသည့် မဟာ့ကိုပြန်ပြောလိုက်၏။

"ပြီးတော့ ကျွန်တော်နည်းနည်းတရားလွန်သွားတယ်ထင်လို့"

မဟာသည် ထည်လင်း၏စကားကြောင့်ခေါင်းငုံ့နေရာမှပြန်လည်မတ်လိုက်ကာ ထည်လင်းနောက်ကျောကိုစိုက်ကြည့်လျက် ဆက်ပြောမည့်စကားကိုနားစွင့်နေလေ၏။

"ကျွန်တော် ကိုမဟာလာမခေါ်ဘဲနဲ့သူ့ကိုလာကြည့်ခဲ့သင့်တာ။"

မဟာသည် ထည်လင်း၏စကားကြောင့် မှန်သည်ဟူသောသဘောဖြင့်ခေါင်းတစ်ချက်ဆတ်လိုက်သည်။

"ကဲပါလေ။ဒါတွေထားပါ။ကိုမဟာအခု ဆေးရုံပြန်သွားမှာမို့လား ခဏနေကျွန်တော်‌ေရာက်မယ်လို့မဟော့်ကိုပြောပေးပါဦး"

ထည်လင်းက မဟာ့ကိုလည်ပြန်လှည့်ြကည့်၍စကားဆိုလေ၏။

"အင်းပါ ဒါဆို ကိုယ်သွားပြီနော်"

ချစ်သော...ဦး(Uni+Zawgyi)[Completed]Donde viven las historias. Descúbrelo ahora