⬅️Unicode➡️Zawgyi
✨My Oxygen✨O₂
#1⬅️For Unicode
ခွမ်း...
ကျကွဲသွားတဲ့ဆေးထိုးအပ်နဲ့...ထိုဆေးထိုးအပ်ကိုပြန်ရှင်းနေတဲ့Nurseတချို့...ဆရာဝန်တွေရှိနေပေမယ့်အားလုံးငြိမ်နေတုန်းဘဲ...ထိုချိန်အရေးပေါ်ခန်းတစ်ခုရဲ့ရှေ့ကနေစောင့်နေတဲ့လူတစ်ဦးကဆုတောင်းရင်းရှိနေပါတယ်,,,
ခွဲစိတ်မှုအသေးစားဆိုပေမယ့်လည်းစိုးရိမ်မှုတွေရှိနေပုံဘဲ...ဆုတောင်းနေတယ်...အကုန်အဆင်ပြေပါစေလို့ဆုတောင်းနေတဲ့ထိုလူ,,,
-ဦးလေး...EommaကEommaကကြာနေပြီနော်အထဲမှာ...ပြောတော့ခွဲစိတ်တာနှစ်နာရီဘဲကြာမှာပါဆို...ဘာလို့အဲ့လောက်တောင်ကြာနေရတာလည်း...စိုးရိမ်ရလို့လားဦးလေး...
-စိတ်မပူနဲ့နော်Chae...သမီးEommaကအဆင်ပြေမှာပါ...Drတွေကပြောတယ်လေ...စိတ်မပူရဘူးလို့...ပြန်ကောင်းမှာပါ...စိတ်ပူမနေနဲ့...ဦးလေးတစ်ယောက်လုံးရှိတယ်...ဦးလေးညီမလေးကခွဲခန်းဝင်ရင်မကြောက်တတ်ဘူး...ခုဒီတူမလေးကသာကြောက်နေတာ...မပူနဲ့နော်ပြန်ကောင်းမှာ...
14နှစ်အရွယ်တူမလေးငိုနေလို့နှစ်သိမ့်နေရပေမယ့်...စိတ်ထဲဒီလိုကြာနေတာကိုလုံးဝအလိုမကျခဲ့ဘူး...ခွဲစိတ်မှုသေးသေးလေးကိုဘာလို့အဲ့လောက်ကြာနေရတာလည်း...မဟုတ်သေးပါဘူး...တစ်ခုခုတော့တစ်ခုခုဘဲ...ငါစိတ်ထင်နေတာများလား~~~
မိနစ်20ကျော်ကြာသောအခါ,,,
-Dr...Dr...လူနာအခြေအနေ...
-စိတ်မကောင်းပါဘူး...ကျွန်တော်တို့လူနာအသက်ကိုမကယ်နိုင်ခဲ့ပါဘူး...ရောဂါအခြေအနေကလက်လွှတ်လိုက်ရမယ့်အခြေအနေပါ...
-ဘာမဖြစ်နိုင်တာ...မဖြစ်နိုင်ဘူး...နောက်နေတာမလား...
-စိတ်မကောင်းပါဘူး...ကျွန်တော်တို့အတတ်နိုင်ဆုံး...
-Ya...မဖြစ်နိုင်တာ...ဒီမှာDr...ဒီမှာ...
Drရဲ့လက်ပင်းကအိင်္ကျီကိုကျစ်နေအောင်ဆွဲထားလိုက်တယ်ထိုလူ,,,
-ရူးနေလား...ညီမလေးအခြေအနေအဲ့လိုမဟုတ်ဘူး...ခင်ဗျားတို့အာမခံခဲ့တာလေ...အသေးစားခွဲစိတ်မှုမလား...ရူးနေတာလား...ဒီလိုအသေးစားခွဲစိတ်မှုကသေလောက်တဲ့ထိဖြစ်စရာလား...အဲ့လောက်ဖြစ်စရာလား...
YOU ARE READING
My Oxygen O₂(JENLISA MYANMAR)Z+U
Fanfiction"ပြည့်စုံခြင်း" ဆိုတဲ့အရာရယ်လို့မရှိဘူးတဲ့...ခက်တာကလည်းအဲ့ဒီ "ပြည့်စုံခြင်း "ဆိုတဲ့အရာလေးကိုခုံမင်နေမိတာ~~~ "ပြည့်စုံခြင်း" ဆိုတဲ့အရာရယ်လို့မရှိဘူးတဲ့...ခက်တာကလည်းအဲ့ဒီ "ပြည့်စုံခြင်း "ဆိုတဲ့အရာလေးကိုခုံမင်နေမိတာ~~~ (Z+U) 5th fiction❤️ #BLACKPINK MY...